Windows 10 Hosted Network Error


Windows 10 မှာ Hotspot အတွက် Third Party ဆော့ဝဲလ်ကို မသုံးဘဲ Built-in အနေနဲ့အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Hotspot ကိုအသုံးပြုဖို့အတွက် Wireless Hosted Network feature ဟာ အလုပ်မလုပ်ဆောင်နိုင်ဘူးဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Command Prompt မှာ hosted network အလုပ်စလုပ်ဖို့ netshwlan start hosted network ဆိုတဲ့ command ရိုက်ထည့်တဲ့အခါ The hosted network couldn’t be started ဆိုတဲ့ error ဖြစ်နေတယ်ဆိုရင် အရင်ဆုံး Wireless adapter တွေဖွင့်ထားလား မဖွင့်ထားဘူးလား စစ်ဆေးပါ။ နောက် Airplane Mode က enable ဖြစ်နေတယ်ဆိုရင် disable လုပ်ပြီး restart လုပ်ပါ။

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ Control Panel> Network and Internet > Network Connection အောက်မှာရှိတဲ့ Microsoft Hosted Network Virtual Adapter ကို enable လုပ်ပေးရပါမယ်။

အထက်ကအတိုင်း လုပ်ပြီးပြီဆိုရင် hosted network အသစ်တစ်ခုကို ထပ်မံတည်ဆောက်ဖို့အတွက် command prompt ထဲမှာ Netshwlan set hostednet work mode=allow ssid=your wifiname key=yourwifipassword ဆိုတဲ့ command ကိုထည့်သွင်းရပါမယ်။ ssid နဲ့ key အနောက်မှာ ကိုယ်သုံးပြုချင်တဲ့ WiFi Name ပေးရမှာဖြစ်ပြီး key နောက်မှာ password ထည့်သွင်းရမှာဖြစ်ပါတယ်။ ပြီးရင် netshwlan start hostednetwork command ထည့်သွင်းလိုက်ရင် hosted network ကို စတင် run ပြီဖြစ်ပါတယ်။

Internet Journal

Post a Comment

0 Comments