Mac ပေါ်တွင် Android app များ သုံးနိုင်မည့် emulator app ကို BlueStacks ဖြန့်ချိ


သုံးစွဲသူ သန်း ၉၀ နီးပါးက Windows ကွန်ပျူတာများပေါ်တွင် အသုံးပြုလျက်ရှိသော အခမဲ့ desktop Android emulator app ကို ယခုအခါ Mac သုံးစွဲသူများက အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Mac အတွက် BlueStacks app ကို ၂၀၁၂ ခုနှစ်က alpha အနေဖြင့် ဖြန့်ချိခဲ့ပြီးနောက် ယခုအခါ Mac သုံးစွဲသူများအတွက် ပထမဦးဆုံးအကြိမ် တရားဝင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

BlueStacks App Player ကို သုံးစွဲသူများသည် Mac ပေါ်တွင် နှစ်သက်ရာ Android မိုဘိုင်းဂိမ်းများကို ထည့်သွင်း ကစားနိုင်မည် ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် BlueStacks for Mac ကို အရွယ်ကြီးမားသော Retina display များနှင့် Apple ၏ trackpad များဖြင့် အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

“Mac OS ဆိုတာက သိပ်ကောင်းတဲ့ platform တစ်ခုပါ။ ဒီ platform ကနေ အကျိုးကျေးဇူးတွေ ရရှိနိုင်ဖို့ ကျွန်တော်တို့ အပြင်းအထန် ကြိုးပမ်းခဲ့ပါတယ်။ Trackpad ပေါ်ကနေ pinch to zoom လုပ်တာကအစ retina display တွေမှာပါ သုံးနိုင်တဲ့အထိ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်ထားပါတယ်” ဟု BlueStacks မှ ဆော့ဖ်ဝဲဗိသုကာ အကြီးအကဲဖြစ်သူ ဒေးဗစ်ရစ်ဆီက ပြောကြားခဲ့သည်။

BlueStacks သည် x86 နှင့် ARM အခြေခံ app များကို အသုံးပြုနိုင်စေပြီး Android TV app များကို ထောက်ပံ့ပေးထားသလို desktop မှ ဖိုင်များ ဝေမျှခြင်း၊ မိုဘိုင်းနှင့် sync ပြုလုပ်ခြင်းတို့ကိုလည်း ထောက်ပံ့ပေးထားသည်။ သုံးစွဲသူများသည် Android ထုတ်ကုန်များတွင် အသုံးပြုသကဲ့သို့ Google Pay မှ Android app များကို download ပြုလုပ်ပြီး သုံးနိုင်သည်။

BlueStacks App Player for Mac ကို ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် အခမဲ့ download ရယူနိုင်သည်။

Ref: 9to5Mac
Credit: Internet Journal

Post a Comment

0 Comments