လေဆာရောင်ခြည်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်း ဆက်သွယ်နိုင်ရန် Facebook နှင့်Internet.org ဆန္ဒရှိနေ


ကမ္ဘာတစ်ဝန်းရှိ လူအများ ဆက်သွယ်မှုကို ထောက်အကူ ဖြစ်စေရန်အတွက် Facebook ၏ Internet.org က လေဆာရောင်ခြည်များမှ တစ်ဆင့် အင်တာနက်အသုံးပြုနိုင်မည့် နည်းလမ်းကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။

အဆိုပါ နည်းလမ်းသည် Facebook ၏ Connectivity Lab မှ ထွက်ပေါ် လာခြင်း ဖြစ်ပြီး ၎င်းနည်းလမ်းသည် အဝေးထိန်းလေယာဉ်များနှင့် ဂြိုဟ်တုများတွင် တပ်ဆင်ထားသည့် လေဆာများမှ ကမ္ဘာတစ်ဝန်းထံသို့ အချက်အလက်များကို မြင့်မားသော အမြန်နှုန်းဖြင့် ပေးပို့ပေးမည် ဖြစ်ကြောင်း Facebook အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားခဲ့သည်။

ဖော်ပြထားသည့်ပုံတွင် ရောင်ခြည်တန်းကို မြင်တွေ့ရမည် ဖြစ်သော်လည်း တကယ်တမ်းတွင် အဆိုပါ ရောင်ခြည်တန်း များကို မြင်တွေ့နိုင်မည် မဟုတ်ကြောင်း ဇူကာဘတ်က ဆိုခဲ့သည်။

Facebook သည် ချိတ်ဆက်မှုများကို အထောက်အကူ ဖြစ်ရေန်အတွက် အားကောင်းသည့် လေဆာရောင်ခြည် တန်းတစ်ခုကို ထုတ်လွှင့်ပေးရန် အတွက် Free Space Optics စနစ်ကို အသုံးပြုရန် စီစဉ်ထားကြောင့် Facebook မှ ပြောကြားထားသည်။

“FSO စနစ်မှာ လေဆာအသုံးပြုခြင်းဟာ အလွန်မြင့်မားတဲ့ bandwidth တွေနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါဟာ မြေပြင်ပေါ်က fiber optic network တွေနဲ့ အတူတူပါပဲ။ ဒါပေမဲ့ တိမ်ထူထပ်တာမျိုးနဲ့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေမျိုးမှာတော့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု Facebook မှ ပြောကြားခဲ့သည်။

Ref: TheNextWeb
Credit: Internet Journal

Post a Comment

0 Comments