iTools for iDevices


Apple ထုတ်ကုန်တွေဖြစ်ကြတဲ့ iPhone, iPad များနှင့် iPod Touch အသုံးပြုသူများအနေဖြင့် Apple ရဲ့ကိုယ်ပိုင် iTunes app နေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့အတွက် iTools Software ကို ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ၄င်းဆော့ဝဲလ်အနေဖြင့် iPhone, iPad, iPod မှာရှိတဲ့ Application တွေကို Update ပြုလုပ် နိုင်ခြင်းနှင့် အတူ Manage and Install အပိုင်းတွေကိုလည်း အခမဲ့ကူညီပေးနိုင်တဲ့ Utility ပဲဖြစ်ပါတယ်။ 

iSeries အသုံးပြုသူတွေအနေနဲ့ ဓါတ်ပုံတွေ၊ သီချင်းတွေ၊ ဗီဒီယို၊ စာအုပ် အစရှိတဲ့ Application တွေကို Transfer လုပ်တဲ့အခါမှာ Apple to Apple (ဥပမာ - iPad to MacBook) အတွက် iTunes ကို အသုံးပြုနိုင်ပေမယ့် Version Update ဖြစ်အောင် လုပ်ပေးဖို့လည်း လိုပါတယ်။ Apple to Windows (ဥပမာ- iPad to Windows) အသုံးပြုလိုသူများအတွက်တော့ Transfer လုပ်တဲ့အခါမှာ iTunes, iTools ရှိတဲ့ အထဲကမှ iTools ကိုသုံးရတာ ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပေါ့ပါးပြီး သုံးရတာလည်း ရှင်းလင်း လွယ်ကူတဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ်။

- NDA

Post a Comment

0 Comments