အီးမေးလ်များအတွက် Undo feature ကို Gmail တရားဝင် မိတ်ဆက်


ပြီးခဲ့သည့် အင်္ဂါနေ့က Google သည် Gmail app နှင့် Gmail web account များအတွက် “Undo Send” feature ကို တရားဝင် မိတ်ဆက်ခဲ့သည်။ ထို feature သည် အီးမေးလ် ပေးပို့ပြီးနောက် စက္ကန့် ၃၀ အတွင်း အီးမေးလ်အား ပြန်လည်ရယူသည့် လုပ်ဆောင်ချက်ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်ကို အသုံးပြုလို သူများအနေဖြင့် Settings ရှိ General တွင် “Enable Undo Send” နေရာ၌ အမှန်ခြစ် ဖြည့်စွက်၍ အသုံးပြုနိုင်သည်။ ၎င်း setting တွင် အီးမေးလ် ပြန်လည်ရယူမည့် အချိန်သတ်မှတ်ချက် အမျိုးမျိုးကို ရွေးချယ်နိုင်သည်။ သုံးစွဲသူများ အနေဖြင့် အီးမေးလ်တစ်စောင် ပေးပို့ပြီးနောက် inbox ရှိ search bar အောက်တွင် အဝါရောင်တန်း တစ်ခုမြင်တွေ့ရမည် ဖြစ်သည်။ အဆိုပါ အဝါရောင်တန်းတွင် အီးမေးလ် ပေးပို့ထားကြောင်း ရေးသားထားပြီး မေးလ်ကိုကြည့်ရှုခြင်း သို့မဟုတ် undo ပြုလုပ်နိုင်မည့် option ကိုမြင်တွေ့ ရမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက undo ကို ရွေးချယ်လိုက်လျှင် စာများရေးသား ထားသည့်နေရာသို့ ပြန်လည် ရောက်ရှိသွားကာ ပြင်ဆင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ယခင်က အဆိုပါ feature သည် Labs function အသုံးပြုသော Gmail သုံးစွဲသူများ အတွက်သာ ဖြစ်သည်။ ယခုအခါ ၎င်းလုပ်ဆောင်ချက်သည် Gmail ၏တရားဝင် feature တစ်ခုဖြစ်လာသည်။

Ref: Huffingtonpost
Credit: Internet Journal

Post a Comment

0 Comments