Facebook Advertising Services



ယနေ့ခေတ် လူကြီးလူငယ် ကျား/မ မရွေး တစ်နေ့တစ်ကြိမ် မဖြစ်မနေ စိတ်ဝင်တစား အသုံးပြုနေကြသော Facebook လူမှုကွန်ယက်သည် မြန်မာပြည်တွင်သာမက တစ်ကမ္ဘာလုံးတွင် မြောက်မြားစွာ အသုံးပြုနေကြပြီး ၄င်း၏ သတင်းစီးဆင်းမှုသည်လည်း Website တွေ၊ လက်ကမ်းကြော်ငြာတွေ၊ ပိုစတာတွေကတစ်ဆင့် ဆွဲဆောင်စည်းရုံးခြင်းထက် ပိုမိုအကျိုးများတဲ့အတွက် Celebrity၊ သတင်းမီဒီယာတွေ၊ စီပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဒီအားသာချက်ကို အသုံးချပြီး သူတို့ရဲ့ Information တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အသုံးချလာကြတာကို သတိထားမိကြမယ် လို့ ထင်ပါတယ်။

Facebook လူမှုကွန်ယက် စတင်အသုံးပြုစဉ်က သာမန်အားဖြင့် မိမိတို့ရဲ့ Account မှာရှိတဲ့ Friends များဖြင့် စကားစမြည်ပြောဆိုခြင်း၊ ဓါတ်ပုံတင်ခြင်း၊ Information သတင်းအချက်အလက်တွေကို မျှဝေအသုံးပြုခြင်း တို့ကိုသာ အသုံးပြုခဲ့ကြပေမယ့်လည်း ယခုအချိန်မှာတော့ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲလာတဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်မာရေး၊ နည်းပညာဆိုင်ရာ ဗဟုသုတများ အပြန်အလှန်မျှဝေခြင်း၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် ဖြန့်ချိခြင်း၊ မီဒီယာ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ နိုင်ငံရေးပါတီ များကလည်း ၄င်းတို့၏ သက်ဆိုင်သည့် သတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေရန်အတွက် အသုံးပြုခြင်း၊ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကုန်ပစ္စည်းတွေကို အရောင်းအ၀ယ်ပြုလုပ်ခြင်း (online shopping) စသည်တို့ကို ပိုမိုထိရောက်မှုရှိစေရန် ရည်ရွယ်ပြီး လူမှုကွန်ယက်တွင် Page, Group, Community များပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။

Facebook မှာ မိမိဖန်တီးလိုသည့် Category အမျိုးအစားအလိုက် Page၊ Group နှင့် Community တွေကို အခမဲ့ပြုလုပ်နိုင်သော်လည်း စတင်အသုံးပြုချိန်တွင် Like, Follower အရေအတွက်များများရရှိဖို့ အချက်က အဓိကကျတဲ့ အခက်အခဲဖြစ်နေပါတယ်။ မိမိက အားကြိုးမာန်တက်နဲ့ Posts တွေတင်နေပေမယ့်လည်း ဖတ်တဲ့သူ (audiences) မရှိရင်တော့ ဘာထူးမှာလဲ။ ဒီနေရာမှာ ကိုယ်တင်တဲ့ အကြောင်းအရာက စိတ်ဝင်စားစရာမကောင်းရင်လည်း ဖတ်မယ့်သူရှိမှာမဟုတ်ဘူး။ Facebook Page တစ်ခုလုပ်မယ်။ အဲဒါကို ပထမအဆင့် သူငယ်ချင်းတွေကိုသိအောင် Share လုပ်ပေးလိုက်ယုံနဲ့လည်း Like တွေ ဒလဟော တက်လာမယ်လို့ မထင်လိုက်ပါနဲ့။ မိမိရဲ့ Page က Cele လိုမျိုး လူအများစိတ်ဝင်စားတဲ့ Page ဆိုရင်တော့ မပြောလိုပါဘူး။ ဆိုလိုချင်တာက ကိုယ်လုပ်လိုက်တဲ့ Page တစ်ခုကို လူအများသိဖို့ ဆိုတာ တော်ရုံ မလွယ်တဲ့ ကိစ္စပါ။ ဒီတော့ မိမိဖန်တီးထားတဲ့ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ပတ်သက်တဲ့ Page ဖြစ်ဖြစ် Posts တစ်ခုချင်းစီဖြစ်ဖြစ် Target Audiences အမြောက်အမြားသို့ ရောက်စေချင်တဲ့အခါမျိုးမှာ Facebook Advert ကို သေချာပေါက် လုပ်ကိုလုပ်ရပါလိမ့်မယ်။

တစ်စုံတစ်ယောက်အနေနဲ့ Facebook Advert လုပ်လိုက်တဲ့အခါမှာ မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမယ့် Targets Audiences, Location, Age, Interest အစရှိတာတွေကို ရွေးချယ် သတ်မှတ်ပေးရပါတယ်။ ပြီးရင် ပရိတ်သတ်အမျိုးအစားကိုပါ ရွေးချယ်ပေးရပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် မိမိရဲ့ Posts က သက်ဆိုင်တဲ့သူတွေဆီကိုပါ ရောက်ရှိပြီး ကြော်ငြာနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ ကို ပေးလာကြ ပါလိမ့်မည်။ Facebook Promote လုပ်တယ်ဆိုတဲ့နေရာမှာလည်း Page တစ်ခုလုံး Promote လုပ်တဲ့ပုံစံနဲ့ Posts တစ်ခုချင်းစီအား Promote လုပ်လို့ရတဲ့ပုံစံဆိုပြီး ၂ မျိုးရှိပြီး Page Promote အတွက် တစ်ရက်လျှင် အနည်းဆုံး 1$  နှင့် Post တစ်ခုလျှင် အနည်းဆုံး 1 $ ပေးဆောင်ရမည်ဖြစ်သည်။ Payment Method အနေနဲ့ကတော့ Credit Card/Debit Card ၊ Paypal များဖြင့် ဆောင်ရွက်နိုင်ပါတယ် ဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်-
_NDA

Post a Comment

0 Comments