Starting Microsoft Word


Intro

Microsoft Word က Microsoft ကုမ္ပဏီကထုတ်လုပ်ထားတဲ့ Word Processing Software တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီးတော့ Windows 7, 8, 10, RT, Server 2012, Server 2008 R2 အစရှိတဲ့ Windows Operating System တွေမှာအသုံးပြုနိုင်ပါတယ်။ Operating System တွေမှာ Windows, Linux, Apple Mac အမျိုးမျိုးရှိတဲ့အနက် Microsoft Word ကို Windows OS မှာအသုံးပြုနိုင်ပါတယ်။ နောက်ပြီး IA-32, 64, ARM Platform တွေမှာအသုံးပြုနိုင်ပါတယ်။ IA – Intel Architecture 32 bit, 64 bit, တခါတရံ i386 လို့လည်း ခေါ်သည်။ Software License အနေနဲ့ ဆော့ဝဲလ်ကိုမဝယ်ခင် ကြိုတင်စမ်းသပ်အသုံးပြုနိုင်တဲ့ Trialware အမျိုးအစားဖြစ်ပါတယ်။ လက်ရှိမှာတော့ အသုံးပြုတဲ့သူအများစုအနေနဲ့ Product Key ကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ အများအားဖြင့်တော့ Toolkit တွေနဲ့ Crack ပြီး သုံးကြပါတယ်။

Word Processing Software

Word processing software ဆိုတာ ကွန်ပျူတာတစ်လုံးကို အသုံးချပြီး Document များရေးသားခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း တွေကို ပြုလုပ်နိုင်ပါတယ်။ ၄င်း Software ဖြင့် အစီအရင်ခံစာများ၊ စာရင်းဇယားများ၊ သတင်းလွှာများ၊ အစည်းအဝေးအစီအစဉ်များ အစရှိတဲ့ Text Document တွေကို ဖန်တီးခြင်း၊ စာအုပ်စာစောင်များဖန်တီးခြင်းအပြင် အခြားသော စာစီစာရိုက်ပြုလုပ်ခြင်း အစရှိသည့် Variety Documents အမျိုးမျိုး တို့ကို ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ ရုံးလုပ်ငန်းပိုင်းဆောင်ရွက်နေသူတွေ ကြားမှာ "စာစီစာရိုက်လုပ်ခြင်း" ဆိုတဲ့ အသုံးအနှုန်းမျိုး ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။

စာစီစာရိုက်ပြုလုပ်တဲ့နေရာမှာ အသုံးပြုကြတဲ့ Application Softwares တွေကတော့ -

  • Abiword
  • Apple iWork - Pages
  • Apple TextEdit - Apple Mac OS included Word processor
  • Corel WordPerfect
  • Google Docs (Online and Free)
  • LibreOffice -> Writer (Free)
  • Microsoft Office -> Microsoft Word
  • Microsoft Works (Discontinued)
  • OpenOffice -> Writer (Free)
  • Sun StarOffice (Discontinued)

System Requirements

ကွန်ပျူတာတစ်လုံး၊ ဘယ်လို OS မျိုးမဆို မိမိအသုံးပြုလိုတဲ့ Software တွေအတွက် Hardware အစိတ်အပိုင်း တွေနဲ့ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ အချက်တွေရှိပါတယ်။ သာမန်အားဖြင့် ကွန်ပျူတာ ဘယ်အမျိုးအစားမဆို အနိမ့်ဆုံးအဆင့် Microsoft Office 2007 Version လောက်တော့ သုံးလို့ရပါတယ်။ နောက်ပိုင်း 2010, 2013, 2016, 2019 စသဖြင့် Upgrade ဖြစ်လာတာနဲ့အမျှ Function တွေ Animation တွေ Calculation တွေကို လိုက်လျောညီထွေစွာ အသုံးပြုနိုင်မယ့် ကွန်ပျူတာတော့ ဖြစ်ဖို့လိုပါတယ်။


Sample System Requirements

Post a Comment

0 Comments