Ubuntu ဖြင့် သုံးနိုင်မည့် Intel Compute Stick ကို ဒေါ်လာ ၁၁၀ ဖြင့် ရောင်းချမည်


Ubuntu အသုံးပြုထားသည့် Intel Compute Stick ကို ဒေါ်လာ ၁၁၀ ဝန်းကျင်ဖြင့် လာမည့် ရက်သတ္တပတ်အတွင်း ရောင်းချမည်ဟု Canonical မှ ကြေညာလိုက်သည်။

Intel Compute Stick သည် HDMI dongle တစ်ခုဖြစ်ပြီး တီဗွီ သို့မဟုတ် မော်နီတာတွင် တပ်ဆင်ရုံဖြင့် PC ကဲ့သို့ အသုံးပြုနိုင်စေမည် ဖြစ်သည်။

၎င်း stick တွင် Ubuntu 14.04 LTS 64-bit ဗားရှင်းကို ထည့်သွင်းထားပြီး Intel Atom 1.3GHz quad-core processor, 1GB RAM နှင့် 8GB on-board storage ကို အသုံးပြုထားသည်။ အပိုဆောင်း သိုလှောင်မှုအတွက် microSD slot တစ်ခု ပါဝင်သည်။

Intel Compute Stick ကို Ubuntu ဗားရှင်းသာမက Windows ဗားရှင်းဖြင့်ပါ ရရှိနိုင်သည်။ သို့သော်လည်း Windows ဗားရှင်း၏ တန်ဖိုးက အနည်းငယ်ပိုများပြီး ဒေါ်လာ ၁၅၀ ကျသင့်မည် ဖြစ်သည်။

Ubuntu ဗားရှင်းကို Amazon, Best Buy နှင့် Newegg.com ကဲ့သို့သော လက်လီအရောင်းဆိုင်များမှ ရရှိနိုင်မည် ဖြစ်သည်။ သို့သော်လည်း ရောင်းချမည့် ရက်အတိအကျကို Canonical မှ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

Ref: TheNextWeb
Credit: Internet Journal

Post a Comment

0 Comments