Chrome Browser တွင် ADB ကို ထည့်သွင်းအသုံးပြုခြင်း


ADB ဆိုတာကတော့ Android OS တွေမှာမရှိမဖြစ် ဆက်သွယ်အသုံးပြုရမယ့် Deburg တစ်ခု ဖြစ်ပါတယ်။ ADB ကို Chrome Browser ကနေထည့်သွင်း အသုံးပြုချင် သူတွေအနေနဲ့ Chrome Browser ကနေ အလွယ်တကူ ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Chrome Browser ရဲ့ Web Store မှာ developer tool ပေါင်းများစွာကို ရယူနိုင်မှာ ဖြစ်ပါတယ်။
Chrome Browser ကနေ ADB ကို ထည့်သွင်းဖို့ အတွက်ဆိုရင် https://goo.gl/VeiIm0 ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကိုသွားရမှာ ဖြစ်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက် လိပ်စာကို Chrome Browser ကနေ ဖွင့်ရမှာဖြစ်ပြီး ဖော်ပြပါ လိပ်စာကို ရောက်ရင် Add to Chrome ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ အဆိုပါ Tool ကို Web Store ကနေ Download ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Chrome Browser ပေါ်ကနေ ADB ကို ထည့်သွင်း ပြီးသွားပြီဆိုရင် ဘယ်ဘက်ထောက် အပေါ်နားလေးမှာ Web Store Button လေးကို တွေ့ရပါမယ်။ အဆိုပါ Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ထည့်သွင်းထားတဲ့ App တွေကို တွေ့မြင်ရမှာဖြစ်ပြီး အဲဒီထဲကမှ ADB ကိုရွေးချယ်ပြီး နှိပ်လိုက်ပါ။
ပြီးသွားရင် Android OS အသုံးပြုထားတဲ့ Device နဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် Android OS ရဲ့  Settings ကို သွားရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ Developer Options ထဲက USB Debugging ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ထားရမှာ ဖြစ်ပါတယ်။ ဒီအဆင့် ပြီးသွားပြီဆိုရင် Settings ထဲက ပြန်ထွက်ပြီး Android Device နဲ့ ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ဆက် လိုက်ပါ။
နောက်တစ်ဆင့်ကတော့ Android Device နဲ့ ADB ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် အဆိုပါ Download ပြုလုပ်ထားတဲ့ ADB App ကိုဖွင့်လိုက်ပါ။ ဒါဆိုရင် ADB Command တွေ အသုံးပြုနိုင်ဖို့နဲ့ Screen capture ပြုလုပ်နိုင်ဖို့ရယ် Screen record ပြုလုပ်ဖို့ အတွက်ရယ်ကို တွေ့ရမှာဖြစ်ပါတယ်။ မိမိ ADB Command တွေကို အသုံးပြုဖို့အတွက် နေရာကိုနှိပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ADB ကနေ ထွက်မယ်ဆိုရင်တော့ adb reboot ဆိုတာကို ရိုက်ထည့်ပြီး ထွက်နိုင်မှာ ဖြစ်ပါတယ်။ ADB Command အနည်းငယ်ကို လေ့လာချင်သူများ အတွက်ကတော့ http://goo.gl/s0zFMW ဆိုတဲ့ Android Developer ဝက်ဘ်စာ မျက်နှာကနေ သွားရောက်လေ့လာ နိုင်မှာဖြစ်ပါတယ်။
Credit: Internet Journal

Post a Comment

0 Comments