Deepin Terminal ကို Ubuntu OS တွင် ထည့်သွင်းခြင်း


Chiniese Linux Distribution ကခေါ်ဝေါ်တဲ့ Deepin ဟာ Phtyhon ကိုအခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Deepin Terminal ကို Ubuntu OS ပေါ်မှာ ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပြီး Ubuntu 14.10 Utopic/14.04 Trusty/
12.04 Precise/Linux  Mint  17.1 အစရှိတဲ့ Version တွေပေါ်မှာလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Deepin Terminal ကို Ubuntu OS မှာထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့  Upgrade ထပ်မံလုပ်ပေး ရပါမယ်။
နောက်တစ်ဆင့်ကတော့ Deepin Terminalကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-
sudo add-apt-repository ppa:noobslab/deepin-sc
sudoapt-get update
sudoapt-get installdeepin-terminal
ဆိုတဲ့ Command ပဲ ဖြစ်ပါတယ်။ အဆိုပါ Command တွေကို တစ်ခုချင်းစီ ထည့်သွင်းလိုက်ရင် သက်ဆိုင်ရာ Package တွေကို တစ်ခုချင်းစီ Download ပြုလုပ်ပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Package တွေ Download ပြုလုပ်တဲ့ ကြာချိန်ကတော့ အင်တာနက်လိုင်း အနှေးအမြန်ပေါ် မူတည်ပြီး အချိန်ကွာခြားမှာ ဖြစ်ပါတယ်။
Deepin Terminal ကို အသုံးပြုမယ်ဆိုရင် deepin terminal ဆိုတာကို App Launcher မှာ ရိုက်သွင်းပြီး ခေါ်ယူအသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Deepin Terminal မှာ Workspace  အသုံးပြုနိုင်ရန် စီစဉ်ပေးထား တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ “Ctrl + /”  Key ကို အသုံးပြုပြီး Right  Click နှိပ်ကာ New Workspaces ဆိုတာကို နှိပ်လိုက်ရင် Terminal ထဲမှာ Workspace ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Credit: Internet Journal

Post a Comment

0 Comments