ဒီနေ့တော့
JQuery အကြောင်းလေး လေ့လာရင်း လေ့လာမိသလောက် ပြန်လည်ဝေမျှဖို့အတွက် ကိုယ်တိုင်လည်း
စမ်းကြည့်ရင်း Reference လေးတွေ လိုက်စုလိုက်တယ်။
jQuery
ဆိုတာ DOM Manipulation နဲ့ Ajax ကို ရိုးရှင်း လွယ်ကူသွားအောင် ဖန်တီးထားတဲ့
Framework တစ်ခုဖြစ်ပါတယ်။ Plain JavaScript နဲ့ ရေးတဲ့အခါမှာ လုပ်ဆောင်ချက်တွေကိုရဖို့
Function တစ်ခုသီးသန့် ရေးရ ပါတယ်။ (ဥပမာ-
html tag element ကို class attribute နဲ့ ယူချင်တာမျိုး)။ jQuery မှာတော့ ဒီလိုမျိုး
ကိစ္စတွေအတွက် ကြိုတင်ရေးသား ပေးထားပါတယ်။
ကောင်းကျိုးကတော့
JQuery FrameWork ကိုအသုံးပြုတဲ့အတွက် လေ့လာချိန်ကို သက်သာစေသလို Browser
Compatible ဖြစ်စဉ်မှာလဲ ပိုမို ကောင်းမွန်လာစေပါတယ်။ “Write Less, Do more” ဆိုတဲ့
JQuery ရဲ့ ဆောင်ပုဒ်အတိုင်း နဲနဲရေးယုံနဲ့ ရလာဒ်များများထွက်တဲ့အတွက် ပိုလွယ်သွားပါတယ်။
ဆိုးကျိုးအနေနဲ့က စတင်လေ့လာမယ့်သူတွေအတွက် အခြေခံကစမလေ့လာပဲ ဒီလို Framework တွေကို
တခါတည်းသုံးချ လိုက်တာဟာ ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်။
ဖြတ်လမ်းနည်းကတော့ ရေရှည်အတွက်သိပ်မကောင်းပါဘူး။
အခုနောက်ပိုင်း
Website တွေမှာ JQuery တွေကို တော်တော်များများ အသုံးပြုလာကြတာ တွေ့ရပါတယ်။ နောက်ပြီး
Form Validate, Image Gallery, Slideshow, Navigation Menu, Text Editor အစရှိတဲ့
Plugin တွေ အမျိုးမျိုးရှိတဲ့အတွက် ကိုယ်တိုင်ဖန်တီးစရာတောင် မလိုတော့ဘဲ အသင့်အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။
JQuery
ကို သုံးကြည့်မယ်ဆိုရင်တော့ https://jquery.com ကိုသွားပြီး
ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Html Document နဲ့ JQuery.js တို့ ချိတ်ဆက်ပြီးအသုံးပြုပုံကို
နမူနာ စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒေါင်းလုပ်ထားတဲ့ Jquery.js file နဲ့ Html document
၂ ခုလုံးကို Folder တစ်ခုတည်းအတွင်းမှာပဲ ထည့်ထားပါ။ Path မှားတဲ့ Error မျိုးတွေ မဖြစ်အောင်လို့ပါ။
ပြီးရင် အောက်က ကုဒ်လေးကို ရေးပြီး Browser မှာ ဖွင့်ကြည့်လိုက်ပါ။
<!doctype
html>
<html>
<head>
<title>Hello jQuery</title>
</head>
<body>
<p id="note">Hello,
World!</p>
<script
src="jquery.js"></script>
<script>
$("#note").html(
"Hello from jQuery!" );
$("#note").css({
"color":
"red",
"background-color":
"yellow",
"padding":
"10px"
});
</script>
</body>
</html>
0 Comments