Facebook Messenger ဖြင့် ငွေပေးချေနိုင်မှုအား US တွင် စတင်သုံးစွဲနိုင်


Facebook ၏ လူသုံးများသော Messaging Platform သည် ငွေပေးချေမှုပြုလုပ်နိုင်သည်မှာ ကြာခဲ့ပြီဖြစ်သော် လည်း ယခုအခါမှသာ US တစ်နိုင်ငံလုံး၌ စတင်သုံးစွဲလာနိုင်ခဲ့သည်။ ယခင်က US အချို့နေရာများ၌သာ ရရှိခဲ့ပြီး ယခုမှအားလုံးအတွက် ရရှိခဲ့ခြင်းဖြစ်သည်။ Facebook Messenger သည် Online Chatting ဖြစ်ပြီး ဇွန်လက သုံးစွဲသူ သန်း ၇၀၀ ထိရှိခဲ့သည်။ Messenger ဖြင့် ငွေပေးချေနိုင်မှုကို ၂၀၁၄ အောက်တိုဘာလ ကတည်းက ကြေညာခဲ့ပြီး ၂၀၁၅ မတ်လတွင် စတင်စမ်းသပ်ခဲ့သည်။


App သုံးစွဲသူ သန်း ၇၀၀ ကျော်အား MasterCard (သို့) Visa Debit Card ဖြင့် ချိတ်ဆက်ခွင့်ပေးခဲ့ပြီး လွယ်ကူစွာ ငွေကြေးလွှဲပြောင်းမှု ပြုလုပ်သည်။ သို့သော် ငွေပေးချေမှု စနစ်တွင် အဓိက ကုမ္ပဏီများဖြစ်သော Paypal, Snapcash စသည်တို့အပြင် Apple, Samsung, Google ကဲ့သို့ ကုမ္ပဏီများ၏ ၀န်ဆောင်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်သည် အရေးပါသော နည်းပညာတစ်ခုဖြစ်လာပြီး Facebook အပါအ၀င် ကုမ္ပဏီကြီးများမှ ထိုအခွင့်အရေးအား လက်လွတ်မခံကြပေ။ လာမည့်နှစ်တွင် US တစ်နိုင်ငံထဲတွင်ပင် ဒစ်ဂျစ်တယ် ငွေပေးချေမှုမှာ ဒေါ်လာ ၂၇.၅ ဘီလီယံအထိ ရှိလာမည်ဟုဆိုထားပြီး မိုဘိုင်းငွေပေးချေမှုအား သုံးစွဲသူဦးရေမှာလည်း ၃၆.၂ သန်းထိ တိုးတက်လာမည်ဟု သိရသည်။

Credit: NetGuide Journal

Post a Comment

0 Comments