ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Create Winning Mindset NOW ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပမည်


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Create Winning Mindset NOW ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဇူလိုင်လ ၁၃ ရက်၊ နံနက် ၉း၃၀ မှ မွန်းလွဲ ၁၂း၃၀ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park ၊ အခန်း (၂၀၅ ) တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် Your Winning Ways Australia မှ Program Director ဖြစ်သူ Mr. PHILIP J WIN မှ ဆွေးနွေးဟောပြောသွားမည် ဖြစ် သည်။ ဟောပြောပွဲတွင် What do you really want in your life?, Install successful people's habits, Set your goals and become reality you want, Installing your new confidence and be a CHAMPION , Destroy limiting belief and become a WINNER , 7 Secrets of Winning Mindset and be a STAR စသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးသွားမည် ဖြစ်သည်။

ဟောပြောပွဲတက်ရောက်ခြင်းဖြင့် မိမိကိုယ်မိမိ တန်ဖိုးထားနိုင်၍ အောင်မြင်လိုသော စိတ်ဓာတ်များမွေးမြူပြီး လုပ်ငန်းခွင်နှင့် နေ့စဉ် ဘဝတွင် အောင်မြင်စွာ ဖြတ် သန်းနိုင်ရေးကို တိုးတက်ကောင်းမွန်စေမည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက် ဆွေးနွေးနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရုံးခန်း ဖုန်း-၆၅၂၂၇၆ နှင့် ၀၉၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

Credit: Internet journal

Post a Comment

0 Comments