Chrome browser ဖြင့် ကွန်ပျူတာကို အဝေးမှ အသုံးပြုခြင်း


ကွန်ပျူတာများကို အဝေးထိန်းစနစ် (remote) ဖြင့် အသုံးပြုရန်အတွက် အခြားသော software များအသုံးမပြုဘဲ Chrome browser app ကို သုံးရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ Chrome browser ပေါ်မှနေ၍ remote ပြုလုပ်ချင်တဲ့ ကွန်ပျူတာများကို Chrome Desktop Remote App ကိုအသုံးပြုကာ Remote ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပါတယ်။

အဆိုပါ Remote Access မှာ Mac အတွက်ရော Windows အတွက်ပါ အကျုံးဝင်မည်ဖြစ်ပြီး၊ Chrome browser ပေါ်တွင်ပင် လုပ်ဆောင်နိုင်မှာ လည်း ဖြစ်ပါတယ်။ ပထမဦးဆုံး Chrome Desktop Remote App ကို ဒီနေရာ တွင် ရယူလိုက်ပါ။ အဆိုပါ App ကို Chrome Browser ဖြင့် ဖွင့်ပြီး Add to Chrome ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ Add ဆိုတာကို နှိပ်ရမှာဖြစ်ပြီး၊ Add ကို နှိပ်လိုက်ရင် Chrome Desktop Remote App ကို စတင် Download ပြုလုပ်မှာဖြစ်ပါတယ်။ Download ပြုလုပ်ပြီး Install ပြုလုပ် ပြီးသွားရင် Chrome Remote Desktop အတွက် Authorize တောင်းတဲ့ box ကိုတွေ့ရမှာဖြစ်ပါတယ်။ Continue ကို နှိပ်လိုက်ပါ။ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာတွေကို Remote ပြုလုပ်ဖို့အတွက် Google Account ကို Chrome Desktop Remote App မှာ ထည့်သွင်း ပေးထားရမှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေပြီးသွားရင် Remote Assistance နဲ့ My Computers ဆိုပြီး တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ နေရာတွေရဲ့အောက်မှာ Get Started ဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီး ထို Get Started ကို နှိပ်လိုက်ပါက Remote ပြုလုပ်မယ့် ကွန်ပျူတာရဲ့ PIN Code ကိုတောင်းမှာဖြစ်ပါတယ်။ PIN Code ကို ထည့်သွင်းပြီးသွားပြီ ဆိုရင်တော့ အဆိုပါ ကွန်ပျူတာကို မည်သည့်နေရာကနေမဆို အဝေးထိန်းစနစ်နဲ့ သုံးနိုင်ပါပြီ။

Credit: Internet Journal

Post a Comment

0 Comments