CentOS 6.3 Installation Guide With Screenshots

အခု ရေးသားဖော်ပြပေးမယ့် အကြောင်းအရာကတော့ Linux OS များထဲမှ Web Server တစ်ခု တည်ဆောက်ရာမှာ သင့်တော်တဲ့ CentOS 6.3 ကို အဆင့်ဆင့် Install ပြုလုပ်ခြင်းအား ပုံနှင့်တကွ ရှင်းလင်းစွာ ဖော်ပြပေးထားပါတယ်။ CentOS အား http://www.centos.org/download/ သို့ သွားရောက်၍ မိမိအသုံးပြုလိုသည့် ISO ကို ရွေးချယ်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပထမဦးစွာ CentOS 6.3 CD/DVD ခွေကို Drive မှာထည့်၍ Boot လုပ်ပါမယ်။

1. Install or Upgrade existing system options ကိုရွေးချယ်ပါ။ ထို့နောက် ပေါ်လာတဲ့ Media Testing Box လေးကို Skip ပြုလုပ်ပြီး Next ပေးလိုက်ပါ။

2. Language ကိုရွေးချယ်ရန်ဖြစ်ပါသည်။


3. Basic Storage Devices ကိုရွေးချယ်ပြီး Next ပြုလုပ်ပါ။

4. Fresh Installation ကိုရွေးပါ။ Free Space Partation တွေပိုင်းခြားတဲ့အခါ Standard Partation ကိုရွေးချယ်ပြီးသုံးပါ။
5. Hostname Identifies ကို Default အနေဖြင့် Localhost သတ်မှတ်ပေးပါ။

6. Date and Time Zone ရွေးချယ်ပြီး Next ပြုလုပ်ပါ။

7. Administering System အတွက်အသုံးပြုမည့် root account အတွက် Password ပေးရမည်။

8. Type of installation မှာ Create Custom Layout ကိုရွေးချယ်ပြီး Next ပြုလုပ်ပါ။

9. swap, home, var, usr, root တို့ကိုသင့်လျော်အောင် ပိုင်းခြားပါ။ ဤစာအုပ်တွင် Web Server Install ပြုလုပ်ရာတွင်လိုအပ်သော Partation များပိုင်းခြားခြင်းကိုသာ ဖော်ပြထားခြင်း ဖြစ်ပါ သည်။ ဥပမာ - RAM 16 GB, Harddisk Storage 2000 GB ရှိသော Device ကို Partation ခွဲမည်ဆိုပါစို့ - အောက်ပါအတိုင်းပိုင်းခြားပါ။
swap = 32 GB (RAM ၏ ၂ဆပေးပါ)
/home = 100 GB
/ = 600 GB (root)
/var = 600 GB (web dir များထားရှိမည့်နေရာ)
/usr = 600 GB
ထို့နောက် Sda1 boot ကိုရွေးပြီး Next လုပ်ပါ။

10. Writing storage configuration to disk message box ပေါ်လာပါက Writes Changes to Disk ရွေးချယ်ပြီး Next ပြုလုပ်ပါ။

11. Install boot loader on /dev/sda ရွေးချယ်ပြီး Next ပြုလုပ်ပါ။

12. Desktop Installation ကိုရွေးချယ်ပြီး စိတ်ကြိုက် Customize ပြုလုပ်ပါမည်။
မှတ်ချက်။ Desktop Installation Customize ပြုလုပ်ရာတွင် သက်ဆိုင်ရာ Tools အလိုက် Optional Package List များကိုပါ အသေးစိတ်ရွေးချယ်ပြီး တင်ရန်

13. Installation Complete and Reboot System ~

Post a Comment

0 Comments