မြန်မာနိုင်ငံတွင် အများဆုံးအသုံးပြုသော ဝက်ဘ်ဆိုက် ၁၀ ခုကို Opera မှထုတ်ပြန်


မြန်မာနိုင်ငံ၏ မိုဘိုင်းအင်တာနက် အသုံးပြုမှု အခြေအနေနှင့် အများဆုံး အသုံးပြုသော ဝက်ဘ်ဆိုက် ၁၀ ခုကို Opera Software မှ ထုတ်ပြန်လိုက်သည်။

Opera Mini အသုံးပြုသူများ၏ ၈၇ ရာခိုင်နှုန်း မှာ စမတ်ဖုန်း အသုံးပြုသူများဖြစ်ပြီး ၎င်းအနက် ၈၅ ရာခိုင်နှုန်းမှာ Android အသုံးပြုသူများဖြစ်ကြောင်း ဆိုသည်။ Opera Mini အသုံးပြုသူများ၏ web စာမျက်နှာ ဖတ်ရှုမှု ၁၀ မျက်နှာတွင် ၆ မျက်နှာမှာ Facebook.com ဖြစ်ပြီး မိုဘိုင်းအင်တာနက် သုံးစွဲချိန်များ၏ အများစုကို ဖေ့စ်ဘွတ် သုံးစွဲခြင်းဖြင့် ကုန်ဆုံးစေကာ Twitter မှာ ဒုတိယဖြစ်သည်ဟု ဆိုသည်။

Opera Mini အသုံးပြုသူများ၏ အသုံးများဆုံး Handsets ၁၀၀ ထဲတွင် Huawei သည် အများဆုံးဖြစ်သည်ကို တွေ့ရကြောင်း၊ အသုံးပြုသူများ၏ ၃၈ ရာခိုင်နှုန်းမှာ Huawei ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှာ Samsung ဖြစ်ကြောင်း သိရသည်။

အများဆုံးအသုံးပြုသော ဝက်ဘ်ဆိုက် ၁၀ ခုမှာ Facebook.comGoogle.com,Youtube.com,  Wikipedia.org,  Elevenmyanmar.comGoal.com,Twitter.comMediafire.comIrrawaddy.org, Funny.com.mm တို့ဖြစ်ကြောင်း သိရသည်။

အသုံးအများဆုံး ဟန်းဆက် ၁၀ ခုမှာ Huawei G610s, Huawei Ascend G730, Samsung Manhattan E3300, Huawei Honor 3C, HUAWEI G730-U30, Apple iPhone 4, Samsung Galaxy Grand 2, Huawei Honor 3C H30-U10, Huawei Honor 3C 4G LTE တို့ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် နိုင်ငံတွင်းရှိ Opera Mini အသုံးပြုသူများမှ ရရှိသော အချက်အလက်များကို အခြေခံ၍ စုစည်း တင်ပြထားခြင်း ဖြစ်သည်ဟု ဆိုသည်။

Credit: Internet Journal

Post a Comment

0 Comments