ကမ္ဘာ့အကောင်းဆုံးရုံး သို့မဟုတ် YouTube ရုံးချုပ်


YouTube ရဲ့ ရုံးဟာ ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ရုံးအဖြစ် စံချိန်တင်ခဲ့ဖူပါတယ်။ ယခု ပုံမှာ မြင်တွေ့နေရတာဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ 901 Cherry Avenue, San Bruno မှာ ရှိတဲ့ YouTube ရုံးချုပ် ဖြစ်ပါတယ်။
Google ရဲ့ လက်အောက်မှာ ရှိပေမယ့် ရုံးကိုတော့ သီးသန့်ခွဲလို့ တည်ရှိထားစေ ပါတယ်။ ၂၀၀၅ ခှုနှစ်ကစလို့ သူငယ်ချင်း သုံးယောက်အတူ တည်ထောင်ဖြစ်ခဲ့တဲ့ လုပ်ငန်းဟာ ယနေ့မှာဆိုရင် ကမ္ဘာ့ ထိပ်တန်း လူကြည့်အများဆုံး ဝဘ်ဆိုဒ် နေရာ ဖြစ်လာပြီး Google အတွက် ငွေအများဆုံး ရှာပေးတဲ့ ပလက်ဖောင်းများထဲက တစ်ခုလည်း ဖြစ်ပါတယ်။ Google သို့ ၁.၆၅ ဘီလျံဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။

ကုမ္ဗဏီဟာ ၎င်းတို့ရဲ့ အလုပ် environment ကိုတော့ YouTube ဆန်ဆန် ထိန်းထားပါသေးတယ်။ ရေကူးကန်ပါဝင်ခြင်း၊ အပြေးစက်များ၊ ဂိမ်းဆော့စရာများ၊ ဂေါက်ရိုက်စရာများ၊ စားပွဲတင် တင်းနစ် အပြင်၊ အပေါ်အောက် ချော စီးလို့ ရတာမျိုးတွေပါ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အစားအသောက်များ စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဆော့ဖ်ဝဲ ရေးသားခြင်းကဲ့သို့ အလုပ်ဖြစ်တာကြောင့် သူတို့အတွက် အလုပ်မှာ အလုပ်ချိန်ထပ် အလုပ်ပြီမြောက်မှု ပမာဏဖြင့် တိုင်းတာပေးထားတာပါတယ်။ ဒါကြောင့်မို့ ယခုလို ဆော့ကစားနေသူများကို မြင်တွေ့ရခြင်း ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

Post a Comment

0 Comments