Facebook နဲ့ Youtube မှ Video Files များ Download လုပ်ရန်


Facebook, Youtube အစရှိသော Social Media များမှ Video File များအား Internet Download Manager, Youtube Downloader အစရှိတဲ့ ဒေါင်းလုပ်ဆော့ဝဲလ်တွေကို တကူးတက သုံးစရာမလိုဘဲ www.clipconverter.cc ဆိုတဲ့ ၀ဘ်ဆိုက်မှာ အလွယ်တကူ ရယူနိုင်ပါပြီ။ ၄င်းဝဘ်ဆိုက်တွင် မိမိကိုယ်ပိုင် အကောင့်ပြုလုပ်၍ သော်လည်းကောင်း (သို့မဟုတ်) Facebook Account ရှိယုံဖြင့် ၀င်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၎င်းဝဘ်ဆိုက်တွင် Facebook နှင့် Youtube တို့ရှိ Video file များကို Convert လုပ်ဖို့တင်မကပဲ မိမိ၏ ကွန်ပျူတာ၊ ဖုန်းအတွင်းရှိ Video file များကိုပါ MP3, M4A, AAC, MP4, 3GP, AVI, MOV စသည်ဖြင့် စိတ်ကြိုက် Format များပြောင်းလဲပြီး Download ပြုလုပ်နိုင်ပါတယ်။ မိမိရဲ့ကိုယ်ပိုင်  အကောင့်ဖြင့် ဖန်တီးနိုင်တဲ့အတွက် Convert ပြုလုပ်ထားသည့် Video File အားလုံး မိမိရဲ့အကောင့်ထဲမှာပဲ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် အချိန်မရွေး ပြန်လည် Download လုပ်ယူနိုင်မှာဖြစ်ပါတယ်။

Post a Comment

0 Comments