အရွယ်အစား ကြီးမားသည့် ဖိုင်များကို သေးငယ်သည့် ဖိုင်များအဖြစ် ချုံ့ခြင်း


အရွယ်အစား ကြီးမားတဲ့ ဖိုင်များကို တစ်ခါတစ်ရံမှာ upload လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် share လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်စေဖို့အတွက် ဖိုင်ဆိုက်အကြီးကြီးတွေကို အပိုင်းလေးတွေခွဲပြီး ချုံ့ပစ်နိုင်ပါတယ်။

အဆိုပါ ဖိုင်တွေကို ချုံ့ဖို့အတွက်ဆိုရင် Win Rar နဲ့ HJ Split တို့လို ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ဖိုင်များကို အပိုင်းလိုက်ခွဲ၍ ခွဲခြားပေးထားနိုင်မှာဖြစ်ပါတယ်။ Win Rar ကို အသုံးပြုပြီး Split ပြုလုပ်ချင်သူများကတော့ Split ပြုလုပ်မယ့် ဖိုင်ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Add to archive ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

Archive Box ကျလာတယ်ဆိုရင် General ထဲမှာ မိမိ ပေးချင်တဲ့ နာမည်ကို ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးသွားရင် Split to volumes ဆိုတဲ့နေရာမှာ မိမိထားချင်တဲ့ ဖိုင်အရွယ်ပမာဏကို သတ်မှတ်ထား ရမှာဖြစ်ပါတယ်။ အဆိုပါနေရာမှာ 5MB, 100MB, 700MB စသည်ဖြင့် မိမိ သတ်မှတ်ချင် သလိုမျိုးဖိုင်များကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Ok ကို နှိပ်လိုက်ရင် ဖိုင်များကို အပိုင်းလိုက် ပိုင်းပြီး ချုံ့ပေးထားမှာ ဖြစ်ပါတယ်။

အကယ်၍ HJSplit (http://www.hjsplit.org) ကို သုံးမယ်ဆိုရင် ဖော်ပြထားတဲ့ Download Link ကနေ HJSplit ကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ HJSplit ကို အသုံးပြုပုံ ကတော့ ဖိုင်တွေကို ခွဲပြီးထားချင်တယ်ဆိုရင် Split ဆိုတာကို နှိပ်ပါ။ ဖိုင်ကို ထည့်သွင်းဖို့အတွက် Input File နေရာမှာ မိမိ အသုံးပြုမယ့်ဖိုင်ကို ရွေးချယ်ရမှာဖြစ်ပြီး၊ Output File နေရာမှာတော့ ကိုယ် Output ထွက်စေချင်တဲ့ လမ်းကြောင်းကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား ရွေးချယ်တဲ့နေရာမှာ Split file size ဆိုတဲ့ နေရာမှာ ဖိုင်အရွယ်အစားကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Start ကို နှိပ်ပြီး File ကို Split စတင်ပြုလုပ်နိုင်ပါပြီ။ အကယ်၍ Split ပြုလုပ်ထားတဲ့ ဖိုင်တွေကို ပြန်ပေါင်းချင်တယ်ဆိုရင် Join ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Input File နေရာမှာ ပထမဦးဆုံး Split File ကို ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ Output ကတော့ မိမိ သိမ်းဆည်းချင်တဲ့ နေရာမှာ သိမ်းဆည်းနိုင်စေရန်အတွက် ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Start ကို နှိပ်ပြီး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နိုင်ပါပြီ။


Ref: addictivetips
Credit: Internet Journal

Post a Comment

0 Comments