Online Font Converter


အင်တာနက် ၀ဘ်ဆိုဒ်များ ခေတ်စားလာချိန်တုန်းက Website ၊ Email တွေ ၊ Chatting လုပ်တာတွေကအစ ဒီနေ့ Social Network တွေ ၊ လုပ်ငန်းသုံး ဆော့ဝဲလ်တွေ အစရှိတဲ့ နေရာအသီးသီးမှာပါ အသုံးပြုသူ User များ အနေဖြင့် မြန်မာစာဖြင့် ရေးရဖတ်ရ လွယ်ကူစေရန် Zawgyi Font များဖြင့် အသုံးပြုလာခဲ့ကြပါတယ်။ အလားတူ ပြည်အတွင်းမှာရှိတဲ့ ရုံး၊ လုပ်ငန်း၊ ကုမ္ပဏီ အသီးသီးရှိ စာစီစာရိုက် လုပ်ငန်းများတွင် Win-Researcher ၊ Win-Innwa အစရှိသည့် Win Font များကို အသုံးပြုနေကြတာ တွေ့ရပါတယ်။ 

Zawgyi Font ကို တော်တော်များများက အကြိုက်တွေ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ပက်ဆင့်စာလုံးတွေကအစ ရိုက်ရ လွယ်ကူတဲ့အတွက်ကြောင့်ပါ။ Win Font တွေမှာ Alt Key တွဲနှိပ်ပြီးသုံးရတော့ နဲနဲအလုပ်ပိုတယ်လေ။ ဘာပဲဖြစ်ဖြစ် သူနေရာနဲ့သူတော့ အသုံးတည့်နေတာတော့ အမှန်ပါပဲ။ တစ်မျိုးတည်း သုံးတတ်ယုံနဲ့ အဆင်မပြေဘူး။ Zawgyi ကျတော့ Chatting, Email တွေမှာတော့ အဆင်ပြေပေမယ့် ရုံးလုပ်ငန်းတွေမှာတော့ တွင်တွင် ကျယ်ကျယ် မသုံးကြပါဘူး။ Win Font တွေကကျတော့ ရုံးလုပ်ငန်းပိုင်း တွေမှာ အသုံးပြုကြပါတယ်။

အခုတစ်ခါ Myanmar3 ကို Standard Font ဖြင့် စတင်သုံးစွဲလာချိန်မှာ လည်း သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်တွေမှာ Zawgyi နဲ့ Win-Researcher ၊ Win-Innwa အစရှိသည့် Win Font တွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အဲဒီတော့ ပြောချင်တာက Font တွေ ဘယ်လိုပဲ အသစ်ပေါ်လာပေါ်လာ ယခင် သုံးနေကြတဲ့ Font တွေကိုလည်း မစွန့်လွတ်ကြသေးဘူး၊ သူ့နေရာနဲ့သူလည်း အသုံးဝင်နေတဲ့အတွက် ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် ရေး/ရိုက် တတ်ဖို့လိုပါတယ်။ ကျွန်တော်/ကျွန်မက Zawgyi Font ကလွဲရင် မရိုက်တတ်ဘူး ဆိုသူများအတွက် အောက်ပါ လင့်လေးတွေက အပြည့်အ၀ ကူညီပေးပါလိမ့်မယ်။ 

Win Myanmar ဖောင့်များနှင့် Zawgyi ၊ Myanmar Unicode ဖောင့်များကို လိုအပ်သလို အပြန်အလှန် Convert လုပ်ပေးနိုင်သည့် Offiline သုံး Kanaung Converter ကို အသုံးပြု၍ ရနိုင်သလို၊ Online အသုံးပြုသူ တွေအနေနဲ့လည်း ပို၍ လွယ်ကူပြီး မိမိပြောင်းလဲလိုတဲ့ ဖောင့်ပုံစံကို Output အနေနဲ့ ၁၀၀ % နီးပါး တိကျမှန်ကန်စွာ Convert လုပ်ပေးနိုင်တဲ့ Web Links လေးတွေကို ရှယ်ပေးချင်ပါတယ်။ ကြိုက်နှစ်သက်တယ် ဆိုရင်တော့ ဆိုက်ကိုပါ ဒေါင်းထားလိုက်ပေါ့ဗျာ။

WinMyanmar to Zawgyi
------------------------------
http://www.dhammadownload.com/WinMyanmar-to-ZawGyiOne-converter.htm

Unicode to Zawgyi 
-----------------------
http://mrdba.info/zawgyi-converter/


Zawgyi to Unicode
-----------------------
http://mrdba.info/unicode-converter

- NDA

Post a Comment

0 Comments