သက်တံရောင် Facebook Profile ဓာတ်ပုံပြောင်းလဲသူ ၂၆ သန်းကျော်ရှိ


လိင်တူလက်ထပ်ထိမ်းမြားခြင်း ဥပဒေကို အမေရိကန် တရားရုံးချုပ်က အတည်ပြုခဲ့ပြီးနောက် နာမည်ကျော် လူမှုကွန်ရက်ဖြစ်သည့် Facebook ၏ news feed များတွင် ၎င်းကို အားပေးထောက်ခံသည့် သက်တံရောင် profile ဓာတ်ပုံများဖြင့် ပြည့်နှက်သွားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က Facebook ၏ ရုံးတွင်း hackathon ပြိုင်ပွဲတစ်ခုတွင် အလုပ်သင်ဝန်ထမ်း နှစ်ဦးမှ ဖန်တီးခဲ့သည့် သက်တံရောင် filter သည် ကုမ္ပဏီအတွင်း အလွန်ရေပန်းစားခဲ့ပြီးနောက် အများပြည်သူ အသုံးပြုနိုင်ရန် အတွက် အဆိုပါ filter ကို ပြန်လည်မွမ်းမံရန် ကုမ္ပဏီမှ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သက်တံရောင် filter ကို Facebook Profile ဓာတ်ပုံ၌ ထည့်သွင်းသုံးစွဲသူ ဦးရေသည် ၂၆ သန်းကျော် ရှိခဲ့ပြီး ၎င်းတို့တွင် အက်လိဇဘက်ဘန့်ခ်၊ လီယိုနာဒို ဒီကာပရီရို၊ အန်ဒီကိုဟန်၊ အန်နီဟယ်သာဝေးနှင့် အီးအယ်လ်ဂျိမ်းစ် စသည့် နာမည်ကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။

ထို့အပြင် အာနိုးလ်ရှဝါဇနက်ဂါကလည်း ၎င်း၏ Facebook Profile တွင် သက်တံရောင် filter ကို ထည့်သွင်းခဲ့ပြီး ထိုအပြုအမူကို မနှစ်သက်သော ပရိသတ်တစ်ဦး၏ fan page ကို unlike ပြုလုပ်မည်ဟူသော ဝေဖန်ပြောကြားချက်အား စပိန်ဘာသာဖြင့် ဂွတ်ဘိုင်ဟု တုံ့ပြန်သွားခဲ့သည်။

Ref: TIME
Credit: Internet Journal

Post a Comment

0 Comments