News Labs ဟုအမည်ရသော စီမံကိန်းသစ်ဖြင့် သတင်းမီဒီယာ အနာဂတ်ကို Google တည်ဆောက်မည်


Facebook, Apple, Snapchat နှင့် Twitter တို့သည် ဆောင်းပါးဖန်တီးမှုမှ သတင်းဖတ်ရှုမှု ပုံစံကို ပြောင်းလဲရန် အပြိုင်အဆိုင် ပြုလုပ်လျက် ရှိကြသည်။ ယခုအခါ Google သည် စွန့်ဦးတီထွင်သူနှင့် ဂျာနယ်လစ်များနှင့် ပူးပေါင်း၍ စတိဗ်ဂရော့ ဦးဆောင်သော News Lab ဖြင့် မီဒီယာလောကသို့ ဝင်ရောက်လာသည်။
သတင်းသစ်များအတွက် အချက်အလက်နှင့် Earth, YouTube နှင့် Maps ကဲ့သို့ tool များကို ဂျာနယ်လစ်သို့ ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး သတင်းတင်ဆက်မှု အနာဂတ်ကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း News lab ၏ အကြီးအကဲဖြစ်သူ ဂရော့က ပြောဆိုခဲ့သည်။ Google ၏ဦးတည်ချက်သည် နေ့စဉ်သတင်း ခေါင်းကြီးပိုင်းနှင့် အကြောင်းအရာများ စေ့စပ်စွာကြည့်ရှုသည့် စာရေးသူများအတွက် အသုံးဝင်သော ကိရိယာတစ်ခု ဖြစ်လာမည်ဖြစ်သည်။ Google အနေဖြင့် သတင်းခန်းများအတွက် အချက်အလက်များ ထောက်ပံ့ပေးရန် ထုတ်ဝေသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် Google အနေဖြင့် မီဒီယာ ကုမ္ပဏီများ အရှိန်အဟုန်မြင့် ထွက်ပေါ်စေမည့် အစီအစဉ်များနှင့် ပူးပေါင်းထားသည်။ အဆိုပါ First Draft, WITNESS Media Lab နှင့် YouTube Newswire စသည့် စီမံကိန်း များမှတစ်ဆင့် နိုင်ငံသားသတင်းစာ ပညာကို ပို့ချပေးမည် ဖြစ်သည်။
Google ၏လုပ်ငန်းသည် နေရာတိုင်း၌ အသုံးဝင်ပြီး လူတိုင်းကြည့်ရှုနိုင်သော သတင်းအချက်အလက် အရည်အသွေး သေချာမှု ရှိစေရန်ဖြစ်ကြောင်း၊ News Lab အနေဖြင့် သတင်းများကို ဒီိမိုကရေစီ နည်းကျစေခြင်းနှင့် လူအများပိုမို သိရှိစေရန် တီထွင်ဆန်းသစ်မှုများ ပြုလုပ်လိုကြောင်း ဂရော့က ရေးသားခဲ့သည်။

Ref: BusinessInsider
Credit: Internet Journal

Post a Comment

0 Comments