iOS Knowledge Sharing Event ကျင်းပပြုလုပ်မည်



iOS Knowledge Bank, MM Group, Mobile Guide Journal နှင့် Netguide Journal တို့မှ ပူးပေါင်းစီစဉ် ပြုလုပ်မည့် iOS Knowledge Sharing Event ကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် အမှတ်-၂၆၃၊ မဟာ ဗန္ဓုလလမ်းနှင့် ၄၅ လမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ YMCA အဆောက်အဦအသစ်၊ အခန်းအမှတ် (၁၀၁) ၌ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါပွဲတွင် iOS နှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုသာ အဓိကထား ဆွေးနွေးပြောကြားပေးမည် ဖြစ်ပြီး iOS Knowledge Bank, MM Group မှ Member များအပြင် အခြား iOS ကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Post a Comment

0 Comments