Myanmar Telephone Directory & Official Yellow Pages Application ထွက်ရှိ


စမတ်ဖုန်းတွင် အင်တာနက်ဖွင့်စရာမလိုပဲ မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် လမ်းညွှန်ချက်များ အားလုံးကိုသိရှိစေနိုင်မည့် Myanmar Telephone Directory & Official Yellow Pages Application ထွက်ရှိလာကြောင်း သိရသည်။

Android တွင်အသုံးပြုနိုင်သည့် Myanmar Telephone Directory app အကြောင်းကိုရှင်းပြရာတွင် “ကျွန်တော်တို့ အခုထုတ်ထားတဲ့ Application ရဲ့ Version က 5.5 ပါ။ ကျွန်တော်တို့ ဒီထဲမှာ သုံးစွဲသူတွေအနေနဲ့ အခက်အခဲမရှိအောင် မြို့အလိုက်၊ လုပ်ငန်း အလိုက် သပ်သပ်စီထည့်သွင်းပေးထားပါတယ်။ ဥပမာ ကျွန်တော်တို့ ဆေးရုံကိုရှာချင်တယ်ဆိုပါစို့။ ရန်ကုန်ကလား၊ မန္တလေးကလား၊ နေပြည်တော်ကလား တခြားမြို့တွေကလား၊ ရန်ကုန်ကဆိုရင် ရန်ကုန်မှာ ရှိသမျှဆေးရုံတွေရဲ့ နာမည်နဲ့လိပ်စာတွေ အကုန်ကျလာမှာဖြစ်ပြီး ဖုန်းနံပါတ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Application ထဲမှာ မိမိတို့ရဲ့ လုပ်ငန်းများရဲ့ အချက်အလက်များကို ထည့်သွင်းချင်သူများကိုလည်း ကျွန်တော်တို့က အခမဲ့ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ကြော်ငြာမယ်ဆိုရင်တော့ acmmyanmar@gmail.com နဲ့ mmteldir@gmail.com အစရှိတဲ့ email တွေကို မိမိတို့ရဲ့ လုပ်ငန်းအမျိုးအစား၊ ဆိုင်အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်အစရှိတဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ပေးပို့ပေးရမှာဖြစ်ပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ Application ကို လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ပြီးနီးစပ်ရာ ဖုန်းဆိုင်များတွင် အခမဲ့ ထည့်သွင်းနိုင်မည့်အပြင် 1 Mobile Market နှင့် Google Play Store တို့မှလည်း Download လုပ်ကာရယူ နိုင်မည်ဖြစ်သည်။

Credit: Internet Journal

Post a Comment

0 Comments