Microsoft Office app များကို Android စမတ်ဖုန်းများတွင် အခမဲ့သုံးစွဲနိုင်


Word, PowerPoint နှင့် Excel ပါဝင်သည့် Office apps ကို Google ၏ Android mobile operating system အသုံးပြု စမတ်ဖုန်းများတွင် အခမဲ့သုံးစွဲနိုင်ပြီဟု Microsoft မှ ကြေညာခဲ့သည်။ Microsoft သည် ဖေဖော်ဝါရီလက Android tablet များအတွက် Office suite ကို ပထမဦးဆုံး မိတ်ဆက်ကြေညာခဲ့ပြီးနောက် မေလတွင် စမတ်ဖုန်းအတွက် preview version များကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ app များသည် Apple ၏ iPad နှင့် iPhone များအတွက် ပြုလုပ်ထားသည့် ဆော့ဖ်ဝဲဒီဇိုင်းနှင့် အလွန်တူညီပြီး ဖုန်းမှတဆင့် Word document များကို ပြင်ဆင်နိုင်သလို၊ PowerPoint presentation များကိုလည်း ကြိုးမဲ့စနစ်ဖြင့် ပြသနိုင်မည်ဖြစ်သည်။ ထပ်ဆောင်း မိုဘိုင်း feature များနှင့် ဆော့ဖ်ဝဲ၏ desktop ဗားရှင်းကို အသုံးပြုရန်အတွက် Office 365 ကို နှစ်စဉ်ကြေးပေးသွင်းပြီးသုံးရန် လိုအပ်သည်။
iOS နှင့် Android မှ Office မိုဘိုင်းဗားရှင်းကို download ပြုလုပ်မှုသည် ၂၀၁၃ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အကြိမ် သန်း ၁၀၀ ကျော်လွန်ခဲ့ကြောင်း၊ download အရေအတွက် ပိုမိုမြင့်တက်စေရန်အတွက် Samsung, Dell နှင့် LG အပါအဝင် ထုတ်ကုန်ထုတ်လုပ်သူများနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: CNET
Credit: Internet Journal

Post a Comment

0 Comments