Entering Text in Document


အခုပြောပြပေးမယ့်အကြောင်းအရာက Word ဖိုင်တစ်ခု၏ Document Area အတွင်း စာရေးသားဖို့ပါ။ MS Word Document တစ်ခုကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက်တည်းမှာ Document Area ကို တွေ့မြင်ရမှာ ဖြစ်ပြီး Click တစ်ချက်နှိပ်လိုက်တာနဲ့ ဘယ်ဘက်ခြမ်းမှာ ဒေါင်လိုက် bar တစ်ခုပေါ်လာပါလိမ့်မယ်။ ၎င်းကို Insertion Point လို့ခေါ်ပြီး စာသားတွေပေါ်လာမယ့်နေရာကို ကိုယ်စားပြုတာဖြစ်ပါတယ်။ စာရိုက်တာနဲ့ စာလုံးတွေက ဘယ်ဘက်မှာပေါ်လာပြီး Insertion Point ကညာဘက်သို့ ရွေ့သွားသည်ကို တွေ့ရပါသည်။ စာရိုက်နေစဉ်အတွင်း မှတ်သားထားရမယ့် နည်းလမ်း ၂ ခုကတော့..

  1. စာပိုဒ်အသစ်တစ်ခုအဖြစ် ရေးသားလိုပါက Enter နှိပ်ပါ။
  2. စာလုံးတစ်လုံးနှင့်တစ်လုံးအကြား အကွာအဝေးကို Spacebar ထက်ပိုကွာလိုပါက Tab Key ကိုနှိပ်ပါ။

Post a Comment

0 Comments