Saving a Document


Document တစ်ခုအတွင်း စာစီစာရိုက်ပြုလုပ်နေစဉ် မီးပျက်၍ မိမိရေးသားခဲ့သော အကြောင်းအရာများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်၊ သို့တည်းမဟုတ် Document File တစ်ခုလုံး ပျောက်ပျက်သွားခြင်း မရှိစေရန် အတွက် သိမ်းဆည်းခြင်း(Save)ကို ကြိုတင်ပြုလုပ်ထားရန် လိုအပ်ပါသည်။ ပထမဦးစွာ Document ကို File Name တစ်ခုပေး၍ Save လုပ်ပါ။ စာစီစာရိုက်လုပ်ငန်းစဉ် ပြုလုပ်နေစဉ်အတွင်း Save (Ctrl + S ) ကို အခါ အားလျော်စွာ နှိပ်ပေးခြင်းဖြင့် ဆုံးရှုံးမှုများမဖြစ်စေရန် ကာကွယ်နိုင်ပါသည်။

Save As

‌Document အား မတူညီသည့် Format ပုံစံများအတိုင်း ပြောင်းလဲသိမ်းဆည်းရာတွင် အသုံးပြုနိုင်သည်။ MS Word Document တစ်ခု၏ File Type သည် ပုံသေအားဖြင့် Word Document .doc, .docx ဖြစ်ပြီး Pdf, Web Page Html, Txt, XML အစရှိသည့် File အမျိုးအစားများကိုလည်း ပြောင်းလဲ၍ သိမ်းဆည်းနိုင်ပါသည်။


Word Document (.docx) ၎င်းဖိုင်အမျိုးအစားသည် Word မှာ ပုံသေ သတ်မှတ်ထားသည့် ဖိုင် အမျိုးအစားဖြစ်ပါသည်။

Word Macro-Enabled Document (.docm) ၎င်းဖိုင်အမျိုးအစားသည် Word 2013 မှာ micro ဖိုင်အမျိုးအစား ကို အထောက်အပံ့ ပေးပါသည်။

Word 97-2003 Document (.doc) ၎င်းဖိုင်အမျိုးအစားသည် Word မည်သည့် Version တွင်မဆို ဖွင့်နိုင်ပါသည်။ သို့သော် XML ဖိုင်တော့မရပါ။

PDF(.pdf) ၎င်းဖိုင်အမျိုးအစားသည် Word မှာ ပုံသေ သတ်မှတ်ထားသည့် ဖိုင် အမျိုးအစားဖြစ်ပါသည်။

Web Page(.htm,.html) ၎င်းဖိုင်အမျိုးအစားသည် Web တွင် တွေ့မြင်နိုင်ရန် သိမ်းဆည်းသည့် ဖိုင်အမျိုး အစားဖြစ် ပါသည်။

Plain Text (.txt) စာများသာ သိမ်း၍ရသည့်ဖိုင်အမျိုးအစား ဖြစ်ပါသည်။ အခြား Formats များကို လက်မခံပါ။

Word XML Document (.xml)  ၎င်းဖိုင်အမျိုးအစားသည် XML ဖိုင်အမျိုး အစားသာ လက်ခံသည့် Documents များအတွက် သီးသန့်သုံးသည့် ဖိုင်အမျိုးအစား ဖြစ်ပါသည်။

Post a Comment

0 Comments