ကနေဒါအစိုးရ ဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရ


ကနေဒါအစိုးရ ဝက်ဘ်ဆိုက်များသည် ဆိုက်ဘာတိုက်ခိုက်မှုအတွင်း နာရီပေါင်းစွာ offline ဖြစ်သွားခဲ့ပြီးနောက် ပြန်လည်အသုံးပြုခွင့် ရခဲ့ကြောင်း သိရသည်။
အစိုးရ server များသည် ဆိုက်ဘာတိုက်ခိုက် ခံရမှုကြောင့် အထိနာခဲ့ကြောင်း ပါလီမန်အမတ်နှင့် ဘဏ္ဍာရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ တိုနီကလီးမင့် ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် အချက်အလက်များစွာ ပေါက်ကြားခဲ့ကြောင်းကို မသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတိုက်ခိုက်မှုအတွက် Anonymous ဟက်ကာအဖွဲ့တွင် တာဝန်ရှိကြောင်း ပြောဆိုထားသော ဗွီဒီယိုတစ်ခုသည်လည်း အွန်လိုင်းတွင် ထွက်ပေါ်လာသည်။ အစိုးရအနေဖြင့် ဝန်ဆောင်မှုများ ပြန်လည်လုပ်ဆောင် နိုင်ရန်အပြင် တိုက်ခိုက်မှု၏ အရင်းအမြစ်ကို ရှာဖွေရန် အားသွန်ခွန်စိုက် လုပ်ကိုင်နေကြောင်း ကလီးမင့်က ပြောဆိုခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် Dynamic Denial of Service (DDoS) တိုက်ခိုက်မှု ဖြစ်ကြောင်း သတင်းထောက်များသို့  ကလီးမင့်က ပြောကြားခဲ့သည်။
Ref : BBC

Post a Comment

0 Comments