Microsoft
Windows 10 ကို လာမည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် စတင်ဖြန့်ချီမည်ဖြစ်ပြီး Microsoft ၏
Operating Systems ဌာနမှ အမှုဆောင် ဒုတိယဥက္ကဌ Terry Myerson က Windows 7 နဲ့ 8.1 အသုံးပြုသူများအတွက်
Windows 10 ကို ၁ နှစ် အခမဲ့ အသုံးပြုနိုင်မယ်လို့ ဇန်နဝါရီလတုန်းက ကြေညာခဲ့ ပါတယ်။
Windows 10 ကို ၀ယ်ယူပြီး အသုံးပြုသူများ အနေနဲ့လည်း နောက်ပိုင်းတွင် Pro Version ကို
အဆင့်မြှင့် တင်နိုင်မည်ဖြစ်ပြီး 99$ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ Microsoft အနေနဲ့
ယခုထွက်ရှိမည့် Windows 10 အနေဖြင့် နောက်ဆုံး Windows Version ဖြစ်လာလိမ့်မည်ဟု ကြေညာထားပါသည်။
Windows
upgrade လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်ရှိ Windows 7 နှင့် Windows 8 အသုံးပြုနေသော
Users များအနေဖြင့် အသုံးပြုသူ၏ အီးမေးလ်လိပ်စာပေးပို့မှသာ အခမဲ့ Download လုပ်နိုင်မည်
ဖြစ်ကြောင်း သိရသည်။
Windows
10 တွင် Microsoft Edge ၀က်ဘရောက်စာအသစ်၊ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana တို့
ပါရှိလာမည် ဖြစ်သည်။
Source: Techradar
0 Comments