Inserting the "Read More" Button Joomla 2.5

Joomla article တစ်ခုမှာ read more link အသုံးပြုမယ်ဆိုရင် ပုံသေအားဖြင့် Front-end article မှာ Read More: ဆိုပြီး ပေါ်ပါတယ်။ စာရေးသူတွေ အနေနဲ့ စာပိုဒ်ရှည်တွေ ရေးရတဲ့အခါမျိုးမှာဆိုရင် intro လောက်ပဲပြ ထားပြီး Read More button ကိုနှိပ်မှ အကြောင်းအရာ အပြည့်အစုံကို ဖတ်ရှုနိုင်အောင် ပြုလုပ်ကြပါတယ်။ ဒါကလည်း မိမိ ၀က်စာမျက်နှာတွေမှာ article တွေကို ၁ခု ၂ခု ထက် ပိုပြီးနေရာယူနိုင်အောင်လို့ပါ။ တခါတရံမှာ မိမိအသုံးပြုတဲ့ Template ကြောင့် Default "Read More" button ကသေးပြီး Guests တွေအတွက် သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ ကပ်တီးကပ်ဖဲ့ပြောမယ်ဆိုရင်တော့ မမြင်မြင်အောင်ကြည့် လည်း မြင်တာပဲလို့ပြောလို့ရပါတယ်။
ကဲလေကြောနဲနဲ ရှည်သွားတယ်ဗျာ။ မပြောရင်လည်း ခြောက်ကပ်ကပ်ဖြစ်နေမစိုးလို့။ ယခုရေးသားမယ့် အကြောင်းကတော့ Read More button လေးကို ပိုပြီးထူးခြားတဲ့အသွင် သဏ္ဍာန်ဖြစ်အောင် ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ရေးသားမှာဖြစ်ပါတယ်။ ဥပမာ - Read More အစား အပြည့်အစုံသို့..၊ ဆက်လက် ဖတ်ရှုရန်၊ စသဖြင့်ရေးသားနိုင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

Article Manager ကိုဝင်ပြီး ညာဘက်အပေါ်နားမှာရှိတဲ့ Options button လေးကိုနှိပ်ပါ။ ပုံ(၃)မှာ ပြထားတဲ့ အတိုင်း Read More နဲ့ Title With Read More တို့ကို Select Show လုပ်ပြီး Save & Close။ Article တစ်ခုရေးပြီး တာနဲ့ ညာဘက် Article Options မှာရှိတဲ့ Read More Text မှာ မိမိနှစ်သက်ရာ စာသားကိုရေးပါ။ မိမိရေးထားတဲ့စာသားနဲ့အတူ Article Title ပါ တပါတည်း တွေ့မြင်ရပါမည်။

Post a Comment

0 Comments