How to install extensions in Joomla 2.5

Joomla admin panel မှာ မြင်တွေ့နေရတဲ့ components, modules, plugins, template, language တွေဟာ Joomla ရဲ့ extensions တွေ ပဲဖြစ်ပါတယ်။ ၄င်းတို့ကို အသုံးပြုခြင်းအားဖြင့် Joomla ရဲ့စွမ်းဆောင်ရည်တွေ မြင့်မား လာနိုင်ပါတယ်။ အချို့သော extensions တွေကတော့ Joomla installation လုပ်ပြီးတာနဲ့ တပါတည်း ရှိနေပြီးသားဖြစ်နေပေမယ့် ဥပမာ - comments ပေးဖို့ Joomla မှာ comments extensions ပါမလာပါဘူး။ အဲဒီတော့ Jacomments, jcomments, fbcomment အစရှိတဲ့ Thrid party extensions တွေကိုသုံးရမှာ အသေအချာပါပဲ။
အဲဒီလိုပဲ Joomla default template ကို မသုံးချင်လို့ အခြား free template တွေကို သုံးမယ်ဆိုရင်လည်း ဒီ extensions တွေကို install လုပ်ရမှာ ဖြစ်ပါတယ်။ Joomla မှာ ဒီလို extensions တွေ ကို ဘယ်လို install လုပ်ရလဲဆိုတာကတော့ အောက်မှာ ပုံနဲ့တကွ ဖော်ပြပေးထားပါတယ်။

Login Joomla Admin Panel.
Go to Extension Manager
Browse your extensions with zip file and Upload & Install.
Finish.

Post a Comment

0 Comments