Wrap Word (သို့) အလိုလျောက် ညှိပေးခြင်း

Wrap Word

Wrap ကတော့ MS Word မှာပါဝင်တဲ့ အလိုလျောက် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ အလွယ်ကူဆုံး ပြောရရင် Document တစ်ခုအတွင်း စာပိုဒ်တွေကိုရိုက်နှိပ်တဲ့အခါ စာကြောင်းတစ်ကြောင်း ပြီးတာနဲ့ နောက်ထပ်စာကြောင်းတစ်ကြောင်းကိုသွားဖို့ Enter နှိပ်စရာမလိုဘဲ အလိုလျောက် အံဝင်ခွင်ကျ ဖြစ်သွားစေတဲ့ လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။

ဒီနေရာမှာ စာကြောင်းတွေထဲမှာ စာသားတွေကို အသစ်ထည့်ခြင်း၊ ပယ်ဖျယ်ခြင်းတွေကို ဆောင်ရွက်တဲ့ အချိန်မှာလည်း အလိုလျောက်ညှိပေးပါလိမ့်မယ်။ ပုံသေအားဖြင့် စာရေးနေရင်း Enter နှိပ်လိုက်ရင်တော့ နောက်ထပ် စာပိုဒ်သစ်တစ်ခုအသွင် ပြောင်းသွားမှာ အသေအချာပါပဲ။

Post a Comment

0 Comments