Firefox Browser တွင် Bookmark များကို Backup ပြုလုပ်ထားခြင်း



Firefox အသုံးပြုသူတွေ အနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ ထည့်သွင်းထားတဲ့ Bookmark တွေပျက်စီး ပျောက်ဆုံးမှု ကနေ ကာကွယ်နိုင်ဖို့အတွက် email account နဲ့ Sync ပြုလုပ်ပြီး Bookmark တွေကို Backup ပြုလုပ်ကာ သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုနေကျ ဝက်ဘ်ဆိုက် လိပ်စာတွေကို Bookmark ပြုလုပ်ပြီး စုစည်းထားသူတွေအနေနဲ့ ကိုယ်ရဲ့ Bookmark တွေကို မည်သည့်နေရာကမဆို အသုံးပြုနိုင်အောင် Bookmark တွေကို ကိုယ့်ရဲ့ email account မှာ ချိတ်ဆက်ထားပြီး Sync ပြုလုပ်ကာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

Sync လုပ်ပြီး သိမ်းဆည်းဖို့အတွက် Firefox ရဲ့ Menu Bar ထဲက Tools Menu အောက်မှာ Sync ဆိုတာကို ရွေးချယ်ပြီး အသုံးပြုနိုင်သလို၊ Tools Menu အောက်က Options ဆိုတာကို ရွေးချယ်လိုက်ပြီး Options Box မှာ Sync ဆိုတဲ့ Tab ကို နှိပ်ပြီးလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အီးမေးလ်ကို ထည့်သွင်းပြီး Sync ပြုလုပ်နိုင်ဖို့အတွက် အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အကောင့်တစ်ခုကို Create Account ဆိုတာကိုနှိပ်ပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Account တစ်ခု Create ပြုလုပ်ပြီးပြီဆိုရင် ကိုယ်ထည့်သွင်းထားတဲ့ Bookmark တွေဟာ အကောင့်ပြုလုပ်ထားတဲ့ email account ထဲကို Sync ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကိုယ်က အခြားတစ်နေရာကို ရောက်နေတဲ့အချိန်မှာ Firefox Browser ကနေ Tools Menu အောက်က Setup Up Sync ကို နှိပ်ပြီး Sign Up ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် email နဲ့ Password ကိုထည့်သွင်းပြီး Sign Up ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Register ပြုလုပ်ပြီးတာနဲ့ ကိုယ် Register ပြုလုပ်ထားတဲ့ Email နဲ့ Password ကို ထည့်သွင်းလိုက်တာနဲ့ Sync ပြုလုပ်ပြီး Bookmark တွေကို သိမ်းဆည်းပေး ထားမှာ ဖြစ်ပါတယ်။ အခြား Browser ကနေ အဆိုပါ Account ကို အသုံးပြုမယ်ဆိုရင် ကိုယ်သိမ်းဆည်းထားတဲ့ Bookmark တွေကို Restore ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Sync ပြုလုပ်ထားတဲ့ အရာတွေထဲမှာ Bookmarks, Password, History, Addons, Prefrences အစရှိတာတွေကိုပါ တစ်ခါတည်း သိမ်းဆည်းပေးထားမှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့အချိန်တိုင်းမှာ ကိုယ်အသုံးပြု နေကျအတိုင်း ပြန်လည်ပြီး Restore ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Credit: Internet Journal

Post a Comment

0 Comments