ဆိုက်ဘာတိုက်ခိုက်ခံရပါက သတင်းအချက်အလက်နှင့် လုံခြုံရေးဦးစီးဌာနသို့ တိုင်ကြားနိုင်


ပြည်တွင်းရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆိုက်ဘာ တိုက်ခိုက်ခံရခြင်းများ ကြုံတွေ့လာပါက သတင်းအချက်အလက်နှင့် လုံခြုံရေးဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြား နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းအချက်အလက်နှင့် လုံခြုံရေးဦးစီးဌာနကို ပြည်တွင်းရှိ အစိုးရဌာနများ၊ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများအွန်လိုင်းအသုံးပြုမှုလုံခြုံစိတ်ချ ရစေရန်နှင့် ဆိုက်ဘာ တိုက်ခိုက်မှုများမှ တားဆီးကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ဆိုက်ဘာတိုက်ခိုက်ခံရသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းများသည် သတင်းအချက်အလက်နှင့် လုံခြုံရေးဦးစီးဌာနသို့ တိုင်ကြား နိုင်ပြီဖြစ်ရာ တိုက်ခိုက်ခံရသည့် အခြေအနေပေါ်တွင် မူတည်ပြီး သက်ဆိုင်ရာမှ ကျွမ်းကျင်ပညာရှင်များကဆက်လက်အရေးယူဆောင် ရွက်သွားမည်ဖြစ် သည်။
သတင်းအချက်အလက်နှင့် လုံခြုံရေးဦးစီးဌာနအနေဖြင့် ပြည်တွင်း၌ အွန်လိုင်းအသုံး ပြုသူများ ကို ဆိုက်ဘာရာဇဝတ်မှုများ၊ အင်တာနက်မှတစ်ဆင့် တိုက်ခိုက်ခံရခြင်း များမှ ကြိုတင် တားဆီးကာကွယ်ခြင်းဖြင့် ပိုမိုလုံခြုံစိတ်ချစွာ အင်တာနက် အသုံးပြုနိုင်စေရန် အဓိကဦး စားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ သက်ဆိုင်ရာတာဝန်ရှိသူများသည် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာ ရာဇဝတ် မှုများကို စတင်စောင့်ကြည့်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံရသော ဝက်ဘ်ဆိုက်များက သတင်း အချက် အလက်နှင့် လုံခြုံရေးဦးစီးဌာနသို့ အကူအညီတောင်းခံလာလျှင်လည်း ကူညီဖြေ ရှင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဦးစီးဌာနသည် နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် MoU သဘောတူစာချုပ်ချုပ်ဆိုကာ ပူးပေါင်း ဆောင်ရွက်သွားမည့်အပြင် ဆိုက်ဘာ တိုက်ခိုက်မှုများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်စေ ရန်ဆိုက်ဘာ နည်းဥပဒေများ ရေးဆွဲရာတွင်လည်း ပြည်တွင်းရှိသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်အတူ ပါဝင်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။

ဆောင်းဦး
မြ၀တီ

Post a Comment

0 Comments