Social Network ဆိုတာ

အခုခေတ် အင်တာနက်အသုံးပြုတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေ တဲ့ အခေါ်အဝေါ်တစ်ခုပါ။ Mobile Phone နဲ့အသုံးပြုလို့လည်းရတယ်။ အင်တာနက်ပေါ်မှာ ရှိတဲ့ လူတွေအများကြီးနဲ့လည်း အချင်းချင်း ချိတ်ဆက်ပြီး ၀ါသနာတူ စိတ်ဝင်စားတဲ့နယ်ပယ်အလိုက် Friend, Group ပြုလုပ်ပြီး ဆုံးဆည်းနိုင်တဲ့ နယ်ပယ်တစ်ခု လို့ပြောမယ်ဆိုလည်း မှားမယ်မထင်ပါဘူး။ Social Network Site တွေကို Free သုံးလို့ရတယ်။ ဘာလို့လည်း ကိုယ်ကမန်ဘာလုပ်လိုက်တာနဲ့ ကိုယ့်ရဲ့data တွေကို သူကြိုက်သလို စီမံနိုင်ခွင့်ရှိတယ်။ ဒါတွေကို သဘောတူလို့ Free သုံးခွင့်ရတာပါ။ အခုနောက်ပိုင်းမှာ account အသစ်ဖန်တီးစရာမလိုတော့ပဲ ရှိပြီးသား Email ID, Password တွေကိုပဲသုံးပြီး ၀င်လိုရတဲ့ Social site တွေ အများကြီးရှိလာပါပြီ။

Social Network တွေသုံးပြီး ဘာတွေလုပ်လို့ရနိုင်လဲဆိုတော့ စည်းရုံးလုပ်ဆော်မှုတွေ လုပ်တာပဲဖြစ်ဖြစ် သတင်းတစ်ခုကို လူတကာသိအောင် ချပြချင်တာမျိုး ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကြော်ငြာချင်တာလား ဘာပဲဖြစ်ဖြစ် email တွေသုံးပြီး စာပို့နေစရာမလိုတော့ပါဘူး။ အချိန်တို အတွင်းမှာပဲ ကိုယ်က သိစေချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို Social Network အတွင်းမှာ ရှိတဲ့ သန်းချီသောလူပေါင်းများစွာဆီကို ပို့ပေးနိုင်ပါတယ်။

Social Network အသုံးပြုခြင်းကြောင့် မိမိအတွက် ကောင်းကျိုးဖြစ်စေမှာလား ဆိုးကျိုးတွေရလာမှာလား ဆိုတာကတော့ အသုံးပြုသူရဲ့လုပ်ဆောင်မှုတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ နောက်ဆုံး ဘယ်လောက် အထိ ဆက်ဖြစ်လာနိုင်မလဲဆိုတာကတော့ မိမိတင်လိုက်တဲ့ အကြောင်းအရာတွေ သတင်းအချက်အလက်
တွေပေါ်မူတည်ပြီး social engineering နည်းစနစ်အရ တိုက်ခိုက်မှုတွေကိုပါ ခံလာနိုင်ပါတယ်။

Post a Comment

0 Comments