Browser မှ Bookmarks Menuများကို Backup/Restore ပြုလုပ်ခြင်း

ကျွန်တော်တို့အားလုံး အင်တာနက်အသုံးပြုရင်းနဲ့ သတင်း၊ နည်းပညာ၊ သုတ၊ ရသ၊ အလုပ်အကိုင် အစရှိတဲ့ Website လေးတွေကို အသုံးပြုရင်း နှစ်သက်လို့ Browser Bookmarks မှာသိမ်းထားတတ်ကြပါတယ်။ ဒီနေရာမှာ ကိုယ်ကသိမ်းထားချင်တဲ့ Website URL တွေကို သက်ဆိုင်ရာ ကဏ္ဍလေးတွေအလိုက် စုစည်းထားမယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှလည်း ကိုယ်ပြန်ရှာချင်တဲ့အခါ သတင်းဆိုဒ်လား၊ အလုပ်အကိုင် နဲ့ပတ်သက်တာလား၊ နည်းပညာနဲ့ပတ်သက်တဲ့ ဆိုဒ်လားဆိုတာ တိတိကျကျပြန်ရှာလို့ ရမှာပါ။
Bookmarks Menu တွေပြုလုပ်ပြီးနောက် မိမိက Windows အသစ်တင်တဲ့အခါ မှတ်ထားတဲ့ Bookmarks Menu လေးတွေကို ဘယ်လို Backup လုပ်ထားရမလဲ။ Browser အသစ်ပြန်သုံးတဲ့အခါ ဘယ်လို Restore လုပ်ရမလဲဆိုတာကို အောက်ပါနည်းလမ်းလေးနဲ့ ဖြေရှင်းနိုင်ပါတယ်။

Firefox အတွက်ကတော့ Backup ပြုလုပ်ဖို့ History Menu > Show All History > Import and Backup > Backup ကိုနှိပ်လိုက်ရင် Bookmarks Date လေးနဲ့သိမ်းလို့ရပါပြီ။ သိမ်းထားတဲ့ Backup File ကို Restore ပြန်လုပ်ဖို့ကတော့ History Menu > Show All History > Import and Backup > Restore > Choose File ကတစ်ဆင့် ပြန်လည် Restore ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Chrome အတွက် Backup ပြုလုပ်ဖို့ Bookmarks > Bookmarks Manager > Organize ရဲ့အောက်နားမှာရှိတဲ့
Import bookmarks from HTML File , Export bookmarks to HTML file ကို အသုံးပြုနိုင်ပါတယ်။


Post a Comment

0 Comments