Diff Between Web Designer and Web Developer

Web Designer
Web Designer ဆိုတာက Website တစ်ခုရဲ့ ဒီဇိုင်းပိုင်းကို အဓိကတာဝန်ယူရတဲ့သူပါ။ Logo က ဘယ်လို၊ Banner,  Navigation က ဘယ်လိုပုံစံ စသဖြင့် ဖန်တီးရတဲ့သူလို့ထင်ပါတယ်။ Web တည်ဆောက်ဖို့ HTML , CSS , Javascript , Jquery အဓိက ကျွမ်းကျင်ရတယ်။ Design အတွက် idea ကောင်းတွေရှိရမယ်။ Photoshop , Flash ကိုလည်း အထိုက်လျှောက်ကျွမ်းကျင်ရတယ်။ နောက်ပြီးတော့ Color Theory ပိုင်းနဲ့ အရောင်တွေကို ဘယ်လိုတွဲဖက်ပြီး သုံးရမလဲ ဆိုတာကိုလည်း နားလည်ရမယ်။ အဓိကအားဖြင့် Website အတွက် Template တစ်ခုထွက်လာအောင် ဖန်တီးပေးရခြင်းက သူ့အလုပ်ပါပဲ။
Web Developer
Developer ကတော့ Web Designer က ဖန်တီးလိုက်တဲ့ ပုံတွေကို Website တစ်ခုအဖြစ်  အသက်သွင်းရတဲ့ သူပါ။ Website တွေအလုပ်လုပ်အောင် Coding ပိုင်းနဲ့ရေးသားတည်ဆောက်ပြီး HTML, CSS, JavaScript, PHP, SQL, ASP.NET နားလည်ထားရပါမည်။ ဒါ့အပြင် PHP, ASP.NET စသဖြင့် ကိုယ်သုံးမယ့် Language ကို ကျွမ်းကျင်ရမယ်။  Database ပိုင်းမှာလည်း Mysql, MSSql တစ်ခုခုသိထားရမည်။ နောက်ပြီးတော့ System Design တွေကို သိရမယ်။ Design သမားဆွဲထားတဲ့ Template Design ပေါ်မှာ အဆင်ပြေစွာ အလုပ်လုပ်နိုင် ရမယ်။ Design နဲ့ Developer တွေ ကွဲပြားပြီး တည်ရှိနေတာရှားတယ်။ Joomla မှာ အဲဒီပြဿနာတွေ မရှိပါဘူး။ Design သမားကလည်း Design ကိုရေးနေတဲ့အချိန် တပြိုင်နက်တည်းမှာပဲ Developer သမား ကလည်း Coding ပိုင်းတွေကို ပြင်ဆင်နေလို့ရပါတယ်။ HTML ဆိုဒ်တွေမှာတော့ မဖြစ်နိုင်ပါဘူး။
များသောအားဖြင့် Web developer တွေက Graphic ပိုင်းကော ကုဒ်ဒင်းပိုင်းတွေဖြစ်တဲ့ XHTML, CSS နဲ့ Web Programming Language တွေဖြစ်တဲ့ PHP, ASP စသဖြင့် တစ်ခုခုတော့ ကျွမ်းကျင်ကြပါတယ်။ Web Master တွေကျတော့ Server ပိုင်းတွေ၊ Security တွေကို အဓိကကိုင်ပြီး Web Development ပိုင်းမှာလဲ Knowledge ထက်နည်းနည်းပိုပြီး အကျွမ်းတဝင်ရှိပါတယ်။
Web developer ဖြစ်လာရင် Expolit ဆိုတာမသိပါဘူး။ Expolit သုံးပြီး Web developer တွေရေးတဲ့ Web Site တွေကို Hacker တွေက တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် သင်က Web developer တစ်ယောက်ဖြစ်တဲ့ အတွက် ဒါတွေကိုလည်း လေ့လာသင့်တယ်လို့ထင်ပါတယ်။ ဆိုလိုတာက Web Developer တစ်ယောက်က Joomla Website တစ်ခုကို ဖန်တီးနိုင်ယုံနဲ့တင် မရပါဘူး။ အဲဒီအချိန်မှာ Hacker ကလည်း Joomla Expolit လေးနဲ့ လက်တည်းစမ်းကြည့်နိုင်ပါတယ်။
ဒါကြောင့် Web Developer သမားတွေက Security ကို ကိုယ်နဲ့မဆိုင်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်။ သင့်ရဲ့ Website ကို အမြဲတမ်း Version အလိုက် Update ပြုလုပ်ပေးပါ။ ဘာလို့လဲဆိုတော့ Expolit တွေမှာ Version တွေရှိပါတယ်။ ပြီးတော့ ကိုယ်ရေးမယ့် Website အမျိုးအစားက Expolit ရှိလားဆိုတာ အရင်ရှာရင် ကောင်းပါတယ်။ မရှိဘူးဆိုရင် အဲဒီအမျိုးစားကိုရွေးချယ်ပြီး Developing လုပ်ပေါ့။ ဒါဆိုရင်တော့ မိမိရဲ့ဝဘ်ဆိုဒ် Hack ခံရတာ မဖြစ်နိုင်တော့ဘူး။ Hacker နဲ့ Developer က တစ်ယောက်နဲ့တစ်ယောက် မှီခိုနေတာပါ။

မှတ်ချက်။ အင်တာနက်ဗဟုသုတများထဲမှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Post a Comment

0 Comments