About

~ မင်္ဂလာပါ ~


ကျွန်တော်ရဲ့ Blog လေးကို လာရောက်ပြီး ဖတ်ရှုကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမ များ အားလုံး အသိပညာဗဟုသုတ တွေနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ကျွန်တော်ရဲ့ လူသိနည်းတဲ့ ဒီ Blog လေးကို ပုံမှန်ရေးဖြစ်ချင်နေတာတော့ ကြာပါပြီ။ ဖတ်တဲ့သူတွေ အတွက် အကျိုးရှိမယ့် အကြောင်းအရာတွေကို တင်ပေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် UptoDate ဖြစ်အောင် မတင်နိုင်ခဲ့ဘူး။ အဓိကတော့ ကျွန်တော့်ရဲ့ Blog လေးမှာ နေ့စဉ်နဲ့အမျှ ထူးခြားဆန်းသစ်ပြီး ပြောင်းလဲနေတဲ့ ကွန်ပျူတာ၊ သတင်းအချက် အလက်နဲ့ နည်းပညာ အစရှိတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ရှယ်ယာပေးချင်တယ်။

သတင်းဆိုတဲ့နေရာမှာ Internet Journal ၊ MobileGuide ၊ NetGuide အစရှိတဲ့ ဂျာနယ်များ နည်းပညာသတင်းများ အပြင် အခြား Internet Websites များမှ သတင်းများကို ကိုယ်တိုင်ဖတ်ရှုပြီး သိသင့်သိထိုက် ဗဟုသုတ ရရှိစေမယ့် အကြောင်းအရာတွေကို မသိလိုက်ရဘဲ မရှိလေအောင် စေတနာနဲ့ ပြန်လည်မျှဝေ ပေးခြင်း ဖြစ်ပါသည်။

ထို့အတူ ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာ Windows ၊ Network ၊ Web Development အစရှိသော အကြောင်းအရာများနှင့် ပတ်သက်၍လည်း ကိုယ်တိုင် လေ့လာရေးသားထားသော နည်းပညာ အကြောင်းအရာ များ သော်လည်းကောင်း ၊ အခြား ရေးသားသူများထံမှ သော်လည်းကောင်း ဗဟုသုတ ရရှိစေရန် အလို့ဌာ မျှဝေပေးခြင်းပင် ဖြစ်ပါသည်။

ယခု Blog ကို ရေးသားသူမှာ နည်းပညာပိုင်းဆိုင်ရာ Professional တစ်ဦးမဟုတ်ပါသဖြင့် ရေးသားသည့် အကြောင်း အရာများတွင် လိုအပ်ချက်များ ၊ မပြည့်စုံသည်များ ရှိခဲ့မည်ဆိုပါက နည်းပညာပိုင်းဆိုင်ရာ တတ်သိ နားလည်သူ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ စော်ကားလိုသည့်စိတ်၊ ထိခိုက်နစ်နာလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း မဟုတ်ကြောင်း ကိုလည်း အသိပေးလိုပါသည်။


- NDA

Post a Comment

0 Comments