မပြောချင်လည်း ပြောရဦးမယ် Joomla သမိုင်းကြောင်း

Joomla CMS ၀က်ဆိုဒ်တွေကို ဖန်တီးတဲ့ open source project system တစ်ခုဖြစ်ပြီး Mambo ကို fork လုပ်ရာကနေ ထွက်ပေါ်လာတဲ့ ဆော့ဖ်ဝဲလ် တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ fork ဆိုတာက software engineering နည်းပညာတစ်ခုဖြစ်ပြီး package တစ်ခုမှ source code ကို copyright law နှင့်အညီ ထုတ်လုပ်သူများထံမှ ကြိုတင်ခွင့်ပြုချက်မလိုဘဲ အခြားဆော့ဖ်ဝဲလ် အသစ်တစ်ခုကို ထပ်မံ တည်ဆောက်ခြင်း ဖြစ်ပါသည်။ Joomla ဟာ အာဖရိက ဘာသာစကား swahili ဘာသာရဲ့ Jumla ကို အင်္ဂလိပ်အသံထွက်နဲ့ရေးထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ "all together" လို့ခေါ် ပါတယ်။
Joomla ဟာ open source ဖြစ်တာနဲ့အညီ အခမဲ့အသုံးပြုနိုင်ခြင်းနှင့် လေ့လာသင်ယူရာမှာလည်း အထိုက်အလျောက် လွယ်ကူမူရှိ တာကြောင့် နောက်ပိုင်းမှာ Joomla cms ကို အသုံးပြုလာကြပါတယ်။ Joomla အနေနဲ့ user interface အတွက် လွယ်ကူမှုရှိခြင်း နှင့် ပြောင်းလွယ်ပြင် လွယ်ရှိခြင်း တို့သည်လည်း လွန်စွာအသုံးဝင်ပါတယ်။ Joomla နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ Extensions (components, modules, plugins, templates, languages) တွေဟာလည်း အမျိုးအစားပေါင်း မြောက်များစွာ ရှိနေတယ် ဆိုတာ ပါပဲ။ ၄င်း extensions တွေကို user တွေ အနေနဲ့ မိမိစိတ်ကြိုက် သင့်တော် သလို ရွေးချယ်အသုံးပြုတတ် မည်ဆိုပါက learning curve နိမ့်နိမ့်နဲ့ တည်ဆောက်နိုင်ပါသည်။

ထွက်ရှိခဲ့ပြီးသမျှ Joomla Versions များ

Joomla 1.0 was released on september 22, 2005
Joomla1.5 was released on january 22, 2008
Joomla 1.6 was released on january 10, 2011
Joomla 1.7 was released on july 19, 2011
Joomla 2.5 was released on january 24, 2012
Joomla 3.0 was released on september 27, 2012

Post a Comment

0 Comments