Joomla article တစ်ခုဖန်တီးခြင်း (Joomla 2.5)

ဒီပို့စ်လေးကတော့ Joomla article တစ်ခု ဘယ်လိုဖန်တီးလဲ ဆိုတာကို ရေးသား ထားတာဖြစ်ပါတယ်။ Admin Panel ထဲဝင်ပြီး ပထမဆုံးမြင်တွေ့ရတဲ့ စာမျက်နှာမှာရှိတဲ့ Article Manager ကိုနှိပ်ပါ။ ပြီးရင် ညာဘက်အပေါ်နားမှာရှိတဲ့ Toolbar icon တွေထဲက New Button လေးကိုနှိပ်လိုက်ပါ။ Title, alias ကိုရေးသားပြီး category မှာ uncategorised ကိုရွေးချယ်ပါ။ မိမိရေးသားမယ့်အကြောင်းအရာကို Featured ပေးမယ်-မပေးဘူးကိုတော့ Yes or No။ Article Text Box ထဲမှာ ရေးသားလိုသည့် အကြောင်းအရာ ကို ရေးသားပါ။ အားလုံးပြီး သွားပြီဆိုတာနဲ့ ညာဘက်မှာရှိတဲ့ Publish Options ကို ဆက်သွားပါမယ်။

Publish Options မှာ ပို့စ်ကိုဖန်တီးသူနဲ့ ရက်စွဲကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် မိမိရေးသားထားတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ခေါင်စဉ်ကို Title, Category, Intro Text, Parent, Author, Date, Icons, Voting, Hits စတာတွေကို show လုပ်/မလုပ် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Read More Text Box မှာတော့ readmore, more စသဖြင့် နှစ်သက်ရာပုံစံအတိုင်း ရေးသားနိုင်ပါသည်။ Configure Edit Screen ကတော့ ခုနက ပြောသွားတဲ့ Publish and Article Options တွေကို ကြေငြာမလား မကြေငြာဘူးလား ဆိုတာပါပဲ။ တနည်းပြောရရင် ဒီ Options တွေကို သုံးမလား မသုံးဘူးလားပေါ့။ Image and Links မှာတော့ မိမိရေးသားမယ့် အကြောင်းအရာထဲမှာ Intro and Full article image တွေကို အသုံပြုနိုင်ပါတယ်။ Metadata Options မှာ မိမိရေးသားတဲ့အကြောင်းအရာကို search လုပ်တဲ့အခါလွယ်ကူစေဖို့ Desciption, Keywords တွေကို အသုံးပြုနိုင်ပါတယ်။

*Article Text Box အောက်ခြေမှာရှိတဲ့ image အသုံးပြုပုံကို နောက်ပို့စ်များတွင် ရေးသားသွားပါမည်။*

Post a Comment

0 Comments