Category တစ်ခုဖန်တီးခြင်း Joomla 2.5

Website တစ်ခုလုပ်တော့မယ်ဆိုရင် အကြောင်းအရာတစ်ခုခုကို ဦးတည်ရမှာတော့ အသေအချာပါပဲ။ ဒီတော့ ကိုယ်ကဘယ်လိုဆိုဒ်မျိုး တည်ဆောက် ချင်တာလဲ။ ဥပမာ - စာအုပ် ဆိုင်လိုမျိုး ဆိုဒ်တစ်ခုပြုလုပ်မယ်ဆိုပါစို့။ ရှိသမျှစာအုပ်အကုန်လုံးကို တခါတည်းတင်လိုက် လို့ရပေမယ့် လာရောက် ဖတ်ရှုလေ့လာ ကြမယ့် customer တွေအတွက် အလွယ်တကူ ရှာဖွေနိုင်မယ့် ပုံစံရှိရမယ်ထင်တယ်။ ဒါကြောင့် စာအုပ်တွေအများကြီး တင်ထားယုံနဲ့ မပြီးဘူး။ စာရေးဆရာ (အမျိုးသား၊ အမျိုးသမီး)၊ စာအုပ်အမျိုးအစား( ကျန်းမာရေး၊ ဗဟုသုတ၊ ၀တ္ထု၊ ဆောင်းပါး၊ မဂဇင်း)အလိုက် စသဖြင့် ခွဲခြားထားရမယ်။

ဒါမှသာ custom တွေအနေနဲ့ အဆင်ပြေလွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Joomla Category ဆိုတာကို ကျွန်တော် အနေနဲ့ နားလည်သလိုပြောရမယ် ဆိုရင် articles တွေကို သက်ဆိုင်ရာအလိုက် စုစည်းပေးထားတဲ့ folder တစ်ခုဖြစ်ပါတယ်။ Category ဟာဆိုရင် အမျိုးအစားခွဲခြားပေးယုံသာမကပါဘူး။ articles တွေကို ရှာဖွေတဲ့နေရာမှာလဲ အထောက်အကူဖြစ်စေပါတယ်။ Joomla Category တစ်ခု ဖန်တီးရန် အတွက်ကတော့..

Login to your Joomla Panel
Category Manager > Add New Category
Type in Title and Alias
Parent or Sub Category
Type in a Description for this category (optional)
Click Save & Close.

Post a Comment

0 Comments