Multipoint Sever အကြောင်း


Windiws Multipoint Server  ဆိုတာက Microsoft မှ အသစ်ထွက်ရှိသော Operating System  တစ်ခု ဖြစ်ပါပြီး Computer အရေအတွက် အနည်းငယ်ရှိယုံဖြင့် Computer Center တစ်ခု တည်ဆောက်နိုင်ပါတယ်။ အဓိကအားဖြင့် ပညာရေးနယ်ပယ်တွေမှာ Increase Access များ ရရှိရန်အတွက် ရည်ရွယ်ပြီး တီထွင်ခဲ့တဲ့ OS တစ်ခုဖြစ်ပါတယ်။ Classroom များ၊ Lab များ၊ Library များ၊ Small Office နှင့် Home Office များတွင် လွန်စွာ အသုံးဝင်ပါသည်။ Windows Multipoint Server ကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာတစ်လုံး (Primary Station) တွင်ရှိသော Applications များကို Multiple users များမှ ကိုယ်ပိုင် Monitor ၊ Mouse ၊ Keyboard  များနှင့် တစ်ချိန်တည်းတပြိုင်တည်းတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Multipoint Server ကိုအသုံးပြုခြင်းအားဖြင့် Hardware ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေအတွက် ကုန်ကျ စရိတ် သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ျူတာသင်တန်း တစ်ခုဖွင့်မယ်၊ လိုတာက အနည်း ကွန်ပျူတာ ၁၀ လုံးလိုမယ်၊ အဲတော့ One Set ၁၀ လုံးဝယ်မယ့်အစား Primary Station ၁ လုံးဝယ်ပြီး ကျန်တဲ့ ၉ လုံးမှာ Monitor နဲ့ Keyboard, Mouse တို့ကို Virtual Desktop အနေနဲ့သုံးလိုက်ရင် ကုန်ကျစရိတ်က သိသိသာသာ လျော့ကျသွားမှာပါ။ ဒါကတော့ Multipoint Server ရဲ့ ထူးခြားချက်ပါပဲ။

Multipoint Server Version
------------------------------
Multipoint Server Version (၃) မျိုးရှိပြီး 
1. Windows Multipoint Server 2010 
2. Windows Multipoint Server 2011 
3. Windows Multipoint Server 2012

Windows Multipoint Server 2010  ကို Windows Server 2008 R2 ကို အခြေခံထားပြီး၊ Windows Multipoint Server 2011 ကို Windows Server 2008 R2 SP1 အား အခြေခံထားပြီး၊ Windows Multipoint Server 2012 ကို Windows Server 2012 ပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။ Maximum User Station တွေ အများအပြား အသုံးပြုနိုင်ရန်နှင့် Multipoint Server ၏ Performance  ကောင်းစေရန် အတွက်ကတော့ CPU၊ GPU နှင့် RAM ပမာဏတွေ ပေါ်မှာလည်း အများကြီးမူတည်ပါတယ်။

Plan ကို ကြိုတင်စီမံထားပါ
------------------------------
နောက်တစ်ချက်ကတော့ Multipoint Server System တစ်ခုတည်ဆောက် တော့မယ်ဆိုရင် မိမိရဲ့ လိုအပ်ချက်နှင့် System ရဲ့ လိုအပ်ချက်တွေ ကိုက်ညီမှုရှိစေဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် တည်ဆောက်မှု မပြုလုပ်ခင် Planning  အပိုင်းတွင် ကုန်ကျစရိတ်၊ အသုံးပြုမည့် Application တွေ (Multimedia ၊ Office၊ Internet)၊ ဒါ့ပြင် တစ်ချိန်တည်း တပြိုင်တည်းတွင် အသုံးပြုမည့် User အရေအတွက် စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။ System Intensive  ဖြစ်စေမယ့် Application တွေကို တပြိုင်နက် အသုံးပြုမယ်ဆိုရင် Multipoint Server  ၏ Computing Power  ကောင်းမွန်ဖို့လိုအပ်ပါသည်။ Hardware Components  တွေအနေဖြင့် Primary Station အတွက် Performance ကောင်းမွန်သည့် CPU ၊ GPU ကောင်းမွန်သည့် Video Cards Computer တစ်စုံစာ လိုအပ်မည်ဖြစ်ပြီး၊ အခြားသော Stations တွေ အတွက်ကတော့ Keyboard၊ Mouse ၊ Monitor ၊ USB Hubs နှင့် Multifunction Hubs များလိုအပ်မည် ဖြစ်ပါသည်။

အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
-------------------------------------
1. Hardware ကုန်ကျစရိတ်အား ၆၀ ရာခိုင်နှုန်းကျော် သက်သာစေ ခြင်း။
2. သင်တန်းများ၊ စာသင်ခန်းများတွင် အသုံးပြုသည့်အတွက် သင်တန်းသား များ ကိုယ်ပိုင် Computing Experiance  ကိုရရှိစေခြင်း။
3. မိမိနှစ်သက်ရာ Desktop ၊ Start Menu များ အသုံးပြုနိုင်ပြီး Individual Setting များကိုလည်း သိမ်းထားနိုင်မှာ ဖြစ်ခြင်း။
4. User Account  များအား Primary Station မှ ကောင်းစွာထိန်းချုပ် နိုင်ခြင်း။
5. Users များ အချင်းချင်း၊ File  များ၊ Video များနှင့် Data များအား လွယ်ကူစွာ Share လုပ်နိုင်ခြင်း။
6. Users များ၏ ကိုယ်ပိုင် Data  များအား ကိုယ်ပိုင် Folders များနှင့်လည်း သိမ်းဆည်းထားနိုင်ခြင်း။
7. Application များကို Primary Station  တွင် တစ်ကြိမ် Install ပြုလုပ်ရုံဖြင့် အခြား User Station  များတွင် အလိုအလျောက် အသုံးပြုနိုင်ခြင်း။
8. Users များအသုံးပြုနေမှုနှင့် Station အသုံးပြုနေမှုများအား ကြည့်ရှု့နိုင်ခြင်း။

_NDA

Post a Comment

0 Comments