နည်းပညာများ တိုးတက်လာခြင်းကြောင့် လူအများ၏ အိုင်ကျုရမှတ်များ လျော့ကျလာ

နည်းပညာ ပို၍ တိုးတက်လာသည်နှင့် အမျှ လူတို့ညဏ်ရည် လျော့ကျလာကြောင်း သိပ္ပံပညာ ရှင်များက သတိပေးခဲ့သည်။
သက်သေ အထောက် အထားများအရ ဗြိတိန်၊ ဒိန်းမတ်နှင့် သြစ တြေး လျနိုင်ငံတို့မှ လူအများ၏ အိုင်ကျူသည် လွန်ခဲ့သော ဆယ်စုနှစ် အတွင်း လျော့ကျလာခဲ့ကြောင်း ဆိုကြသော်လည်း အချို့သုတေသီများက ဆန့်ကျင်ဘက် ဖြစ်သော အမြင်ဖြင့် လူ သည် အသိညဏ်ပိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဟု ယုံကြည်ယူဆထားသည်။
ဒိန်းမတ်လူ မျိုးယောက်ျားလေးများ စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ရန် သင့် လျော်မှုရှိ၊ မရှိ IQ Test စမ်းသပ်မှုလုပ်ပြီး ဆုံးဖြတ်လေ့ရှိရာ ၁၉၉၈ ခုနှစ်ကတည်းက ယောက်ျားလေး များ၏ အိုင်ကျူ  ရမှတ်များသည် ၁ ဒသမ ၅ မှတ်သို့ ကျဆင်းလာခဲ့ကြောင်း သိရသည်။
ဗြိတိန်နှင့် သြစတြေးလျတို့တွင် အိုင်ကျူ ရမှတ်များကို စံထား၍ စမ်းသပ်စစ်ဆေးမှု များပြု လုပ်ခဲ့ရာတွင်လည်း ဒိန်းမတ်မှ ရလဒ် မျိုးနှင့် အလားတူနေကြောင်း သိရသည်။ အဘယ် ကြောင့် လူများ အသိညဏ်ရည်များ လျော့ကျလာရသနည်း ဟူသော အကြောင်း အရင်းကို ရှာကြည့်သောအခါ လူတို့၏ အသိညဏ်သည် အထွတ်အထိပ်သို့ ရောက် ရှိလာခဲ့ပြီ ဖြစ်၍ သာဟု အဖြေ ထွက်ခဲ့ သည်။
၁၉၃ဝ ပြည့်နှစ်နှင့် ၁၉၈ဝ ပြည့်နှစ်များ ကြားတွင် အမေရိကန် ပြည်ထောင်စု၏ ပျမ်းမျှ အိုင် ကျူ အမှတ်မှာ ၃ မှတ်အထိတက်လာခဲ့သလို ဒုတိယ ကမ္ဘာစစ်ကြီး အလွန်ဂျပန်နှင့် ဒိန်း မတ် တို့ တွင်လည်း အိုင်ကျူတက်ခဲ့သည်။
ဤသို့ အသိဥာဏ်တိုးတက်လာမှုသည် လူသားများ၏ လိုအပ်သောအာဟာရဓာတ် များ ပြည့်စုံကောင်းမွန်လာခြင်း၊ နေထိုင်မှု အခြေအနေ ကောင်းမွန်လာခြင်း၊ ပညာရေး ကောင်းမွန် လာခြင်းတို့ကြောင့် ဖြစ်ရသည်ဟု University of Otago rS James Flynn ကပြောသည်။ အဆိုပါလူများတွင် အိုင်ကျူ ရမှတ်များလျော့ကျလာခြင်းဖြစ်စဉ်ကို ၎င်း၏ အမည်ပေးကာ  င်္ူ Flynn Effect ဟု ခေါ် သည်။
ဤသို့ဖြစ်ရသည့် အကြောင်းအရင်းကို ရှာကြည့်ရာတွင် ဥာဏ်ရည်ရှိသော အမျိုး သမီးများ သည် ဥာဏ်ရည်နည်းသော အမျိုး သမီးများထက် ကလေး လျှော့ယူကြသည်မှာ အိုင်ကျူ မှတ်များ လျော့ရခြင်း၏ အကြောင်း တစ်ရပ်ဖြစ်နိုင်သည်ဟု သိရသည်။ ''အဘယ် ကြောင့်ဆို လျှင် မိန်းကလေး တစ်ယောက်ရဲ့ အိုင်ကျူ ရမှတ်များနဲ့ သားမွေးနိုင်တဲ့ အရည် အချင်း ဆက် စပ်မှု ရှိနေသည်'' ဟု  ဒေါက်တာ Nijenhuis u Huffington Post သတင်း စာတွင် ဖော်ပြ ခဲ့သည်။
ဒေါက်တာ Nijenhuis သည် ၁၈၈၄ ခုနှစ်နှင့် ၂ဝဝ၄ ခုနှစ်အကြား ဥာဏ်ရည်၊ ဥာဏ်သွေး လေ့လာမှု ၁၄ ခုပြုလုပ်ခဲ့ပြီး ရလဒ်ကိုနိဂုံးချုပ် ကောက်ချက်ဆွဲခဲ့သည်။လေ့လာမှု တစ်ခုချင်းသည် လူများ၏ တုံ့ပြန်ချိန်ကို တိုင်းတာ ကြည့်သည်။ ဥပမာ မီးခလုတ်ကို မည်မျှမြန်မြန်နှိပ်သည် ဆိုသော အချိန်ကိုတိုင်းတာ လေ့လာခြင်းဖြစ်သည်။ ယင်းတုံ့ပြန်ချိန် သည် စိတ်ပိုင်း အလုပ်ချိန် အမြန်နှုန်းဖြစ်၍ ဥာဏ်ရည်၊ ဥာဏ်သွေးကို ရောင်ပြန်ဟပ်သည်ဟု သိရသည်။ ၁၉ ရာစု ခေတ်နောက်ပိုင်း တွင် မြန်ဆန်စွာတုံ့ပြန် ချိန်သည် ပျမ်းမျှ ၁၉၄ မီလီ စက္ကန့်ရှိခဲ့ ကြောင်းနှင့် ၂ဝဝ၄ ခုနှစ်တွင် တုံ့ပြန်ချိန် သည် ၂၇၅ မီလီ စက္ကန့်အထိ ပိုကြာလာ ကြောင်း တွေ့ရသည်။
အဓိပ္ပာယ်မှာ လူများအသိဥာဏ်ရည်လျော့ကျလာခြင်းကို ပြခြင်းဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လူသားများ အိုင်ကျူ ရမှတ်များ လျော့ကျလာခြင်း ဖြစ်စဉ်ဖြစ်သော Flynn Effect နိဂုံးချုပ်ရန်စနေပြီဟု ပညာရှင်များက ယုံကြည်ထားကြသည်။ ပညာရေး ကောင်းမွန်မှုက လူသားများ အိုင်ကျူရမှတ် များလျော့ကျလာခြင်းကို ပြောင်းပြန်လှန်နိုင် သည်ဟု ဒေါက်တာ Flynn က ယူဆသည်။
ပညာတတ်များသည် ကလေးအနည်း ငယ်သာယူကြပြီး အသိဥာဏ်နိမ့်သူများက များများ ယူကြသည်။ University of Ulster မှ စိတ်ပညာရှင် Richard Lynn က ၁၉၅ဝ ပြည့်နှစ်က ကမ္ဘာ့ပျမ်းမျှ  အိုင်ကျူထက် ၂ဝဝဝ ပြည့်နှစ်တွင် အိုင်ကျူတစ်မှတ်လျော့ ကျသွားသည်ဟု ပြောသည်။
ပညာဥာဏ်လျင် မြန်သူများက မြန်ဆန် စွာတုံ့ပြန်ကြ၍ ယခုရာစုခေတ် တစ်လျှာက်လုံးလူများ၏ တုံ့ပြန်ချိန် နှေးကွေးခဲ့ကြောင်း ဆယ်စုနှစ် တစ်စုလျှင် အိုင်ကျူ တစ်မှတ်နှုန်း လျော့ကျ လာသည်ဟု ဒေါက်တာ Woodley ၏လေ့လာချက်အရ သိရသည်။ ယင်းအပြင် ဒေါက်တာ Woodley က အိုင်ကျူကျလာသည်ဆိုလျှင်Flynn ပြီးဆုံးသွားပြီး လူများပို၍ တုံးလာလေ၊  ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းလာလေ နည်းပညာက လူများ ကလေး လျှော့ယူကာ ပြဿနာများ သူ့ဘာသာ ပြေလည်သွား မည်ဟု ဆိုသည်။
၂ဝဝ၈ ခုနှစ် ဥာဏ်ကောင်းသော ဆယ်ကျာ်သက်များကို စမ်းသပ်ကြည့်ရာတွင် ၎င်းတို့ထက် ၂၈ နှစ်စောသော ဆယ်ကျော် သက်များထက် အိုင်ကျူ ၆ မှတ်လျော့ နည်းနေကြောင်း သိရသည်။
ယခုခေတ် လူငယ်များသည် ယခင်ကလို စာဖတ်ခြင်းများ လျော့နည်းလာကာ ကွန်ပျူ တာ ဂိမ်းများကိုသာ ပိုမိုအားစိုက်ပြီး ကစား နေကြသည်ကို တွေ့နေကြရကြောင်း၊ ယင်း သည် လည်း အိုင်ကျူ ရမှတ်များ လျော့ကျ လာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်ကို သိရှိနိုင်ပါရန် တင်ပြ လိုက်ရပါသည်။   ။
သိပ္ပဟန်
Credit: Myawady WebPortal

Post a Comment

0 Comments