Joomla Post နှင့် Upload Filesize ပမာဏတိုးခြင်း

ပုံသေအားဖြင့် Wampserver Install ပြုလုပ်ပြီးနောက် post_max_size  သည် Default အနေဖြင့် 8MB ရှိပြီး upload_max_filesize အနေနဲ့တော့ 128MB ရှိပါတယ်။ Joomla Media Manager/ Options/ Maximum Size သည် Default အနေဖြင့် 10 MB ဖြစ်ပါသည်။ Joomla စတင်အသုံးပြုချိန်တွင် Database တည်ဆောက်ရာမှာ Post and Upload ပမာဏတွေ မလိုအပ်သေးပေမယ့် နောက်ပိုင်း Backup လုပ်ထားတဲ့ Sql File တွေ၊ Images တွေကို Upload ပြုလုပ်တဲ့အခါ မဖြစ်မနေ ပမာဏတိုးချဲ့ပေးဖို့ လိုပါတယ်။ ဒါကြောင့် Joomla Media Manager ၏ Maximum upload size ကို တိုးမယ်ဆိုရင်
  1. Login Backend panel.
  2. Content> Media Manager
  3. Click on Options.
  4. Change Maximum Size 10 MB into something like "100 MB" or "500 MB"
  5. Save and Close.
အထက်ပါအတိုင်းပြုလုပ်ပြီးနောက် Filesize 10 MB နှင့်အထက်ရှိသော Picture, Video တစ်ခုခုကို Media Manager အတွင်းသို့ Upload ပြုလုပ်ကြည့်ပါ။ Upload Complete ဖြစ်သွားရင်တော့ အောင်မြင်ပြီပြော ရပေမယ့် Upload မဖြစ်ဘူးဆိုရင်တော့ အောက်ပါလုပ်နည်းလေးကို ဆက်ဖက်လိုက်ပါဦး။

Media Manager မှာရှိတဲ့ Maximum Size ကိုတိုးလိုက်ပေမယ့် php.ini (The PHP's Setting file) အတွင်းမှာရှိတဲ့ upload_max_filesize နဲ့ post_max_size တွေရဲ့ တန်ဖိုးတွေကို ထပ်မံတိုးပေးဖို့ လိုအပ်လို့ပါပဲ။ ပြောရမယ်ဆိုရင်တော့ Joomla ရဲ့ Rule လို့ပဲပြောရမလားမသိ။ Joomla မှာရှိတဲ့ Maximum upload size တွေကို သတ်မှတ်တဲ့အခါ အောက်ပါအဆင့် ၃ ဆင့်နဲ့အမြဲ ဆုံးဖြတ်ပါတယ်။
  1. Media Manager ထဲမှာရှိတဲ့ Maximum upload size ကို တိုးရမည်။
  2. php.ini ဖိုင်အတွင်းရှိ upload_max_filesize ကိုတိုးရမည်။
  3. php.ini ဖိုင်အတွင်းရှိ post_max_size ကိုတိုးရမည်။

Post a Comment

0 Comments