ယူနီကုဒ် အားသာချက်

မြန်မာအက္ခရာ တစ်လုံးတွင် ပုံစံကွဲပါသော်လည်း ယူနီကုဒ်တွင် ကုဒ် တစ်မျိုးတည်း သာရှိသည်။ စံသတ်မှတ်ချက်မကိုက်ညီသော ယူနီကုဒ် အမည်ခံဖောင့်ကဲ့သို့ အက္ခရာပုံစံများပြား နေခြင်းမရှိပါ။ အက္ခရာပုံစံ များပြား ခြင်းသည် အသုံးပြုသူအတွက် ကရိကထများစေသလို မလိုလား အပ်သည့်ဖောင်းပွမှု ကိုလည်းဖြစ်စေသည်။ ဥပမာအားဖြင့် တင်ပြရလျှင် ဖောင့်တစ် ခုတွင် (ပြ) ရရစ် ပုံစံရှစ်မျိုးရှိနေခြင်းသည် အသုံးပြုသူကို ကရိကထများ စေသည်။

ထို့အပြင် ယူနီကုဒ်စနစ်တွင် ထိုကဲ့သို့ အက္ခရာ ပုံစံများပြား ရန်လည်းမလိုအပ်ပါ။ ယူနီကုဒ် အသုံးပြုသောအခါ အက္ခရာအစဉ်အလိုက် စကားလုံးများကို ရှာဖွေနိုင်ခြင်း၊ အမျိုးအစားခွဲခြင်း၊ အက္ခရာဝလီစဉ်ခြင်း၊ မြန်မာစကားလုံးများကို ရှာဖွေခြင်း စသည်တို့ကို မှန်ကန်တိကျစွာ ပြုလုပ် ပေးနိုင် သည်။ မလိုလားအပ်သော အက္ခရာ ပုံစံ များပြားနေခြင်းသည် စကားလုံးကိုရှာဖွေခြင်း၊ အက္ခရာဝ လီစဉ်ခြင်းတို့အတွက် မှန်ကန်သော ရှာဖွေခြင်း၊ ဝလီစဉ် ခြင်းတို့ကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပါ။ ယူနီကုဒ်မဟုတ်သော အခြားစနစ်များနှင့် စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ယူနီကုဒ် အမည်ခံဖောင့်များကို အသုံးပြုသောအခါ မိမိတို့သိမ်းဆည်းထားသည့် အချက်အလက်များကို မှန်ကန်တိကျစွာ ရှာဖွေခြင်းမပြုလုပ်နိုင်ကြောင်း တွေ့ရသည်။

အများပြည် သူအသုံးပြုသော အိုင်စီတီ ဆိုင်ရာဆော့ဝဲ၊ ဟာ့ဒ်ဝဲလ်များတွင် ယူနီကုဒ်စံနှုန်းကို အတိအကျ လိုက်နာထားသော မြန်မာ ယူနီကုဒ်ဖောင့်များကိုသာ အသုံးပြုကြမည်ဖြစ်သည်။ ယူနီကုဒ် စံသတ်မှတ်ချက်သည် နိုင်ငံတကာစံသတ်မှတ်ချက် တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာတွင်ရှိသည့် အိုင်စီတီဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရ/အစိုးရမဟုတ်သော အဖွဲ့အစည်း များသည် ယူနီကုဒ်စံနှုန်းကိုသာ လိုက်နာ အသုံးပြုကြမည်ဖြစ်သည်။ အိုင်စီတီဆိုင်ရာ လုပ်ငန်းများ၏ ထုတ်ကုန်များတွင် စံနှုန်းမှီသော၊ စံနှုန်းသတ်မှတ်ချက်အား အပြည့်အဝ လိုက်နာထားသော ယူနီကုဒ် ကိုသာ အသုံးပြုနေကြပြီ ဖြစ်သည်။

Post a Comment

0 Comments