What is CMS?

ရိုးရှင်းစွာ အဓိပ္ပယ်ဖွင့်ဆိုရရင်တော့ CMS ဆိုတာ content တွေကို Management လုပ်တဲ့စနစ်လို့ ဆိုပါတယ်။ CMS တွေက Database တွေချိတ်ဆက်အလုပ်လုပ်တယ် ဆိုပေမယ့် တကယ်တမ်းအသုံးပြုသူအနေနဲ့ Database အကြောင်း ခေါင်းစားစရာမလိုပါဘူး။ Content လို့ခေါ်တဲ့ စာတွေ၊ ပုံတွေ၊ အခြား ဗီဒီယိုလိုဖိုင်မျိုး တွေကို Back-end မှာ တည်းဖြတ်ထည့်သွင်းပြီး Front-end မှာ ပြန်ပြပေးတဲ့ အလုပ်တွေကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ အဲဒါကြောင့် Content Managament System လို့ခေါ်ပါတယ်။
Content Management System(CMS) ဆိုသည်မှာ database ကို အခြေခံပြီး website အတွင်းရှိ content items များအား front end user သည် မည်သည့်နေရာမှမဆို ဖန်တီးခြင်း၊ ပြုပြင်ခြင်း၊ Design များ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်နိုင်သော Dynamic WebPortal စနစ်တစ်ခုဖြစ်သည်။
Content Management System တစ်ခုတည်ဆောက်ရန်အတွက် Database Server, Web Server, E Mail Server, FTP Server နှင့် Serverside Scripting Language များလိုအပ်သည်။ ထို Server တစ်ခုခြင်းစီသည် သီးခြားစီအသုံးပြုသော Server များဖြစ်သဖြင့် ၄င်းတို့အားပေါင်းစပ်ပြီး CMS Engine တစ်ခု တည်ဆောက်ရန်အတွက် Server တစ်ခုနှင့်တစ်ခု Synchronize ဖြစ်ရန် အထူးလိုအပ်ပေသည်။ ထို့အပြင် အသုံးပြုမည့် Software System ကို ရွေးချယ်ရာတွင်လည်း တူညီမှုရှိရန်လိုသည်။ (ဥပမာ-Proprietary ( Such as Microsoft SQL, IIS..,etc.) နှင့် Open Source (Such as Linux, MySQL, Apache..,etc.)။ CMS Engine သည် Open Source System ဖြစ်ပြီး အောက်ပါ Server များနှင့် Scripting Language များ ပါဝင် ပါသည်။

1.     MySQL (Database Server)

2.     Apache (Web Server)

3.     FilezillaFTP (FTP Server)

4.     Mercury (E-mail Server)

5.     PHP (Server-Side Scripting Language)

စသည်တို့ကို လိုက်လျောညီထွေသည့် Software Version များပေါင်းစပ်ပြီး Application Server တစ်ခုအဖြစ် ပေါင်းစပ်တည်ဆောက်ထားသည်။ ထိုပေါင်းစပ်ထားသော Application Server Suite ကို Wamp ဟုခေါ်ပြီး ၄င်း Wamp Software ကိုသုံးခြင်းအားဖြင့် Server များတစ်ခုနှင့်တစ်ခု Sychronize ဖြစ်သည့်ကိစ္စကို ထည့်သွင်း စဉ်းစားရန်မလိုသဖြင့် Application Server ကိုလွယ်ကူစွာ Install လုပ်နိုင်မည်ဖြစ်သည်။

သုံးစွဲသူများအား User Levels များကို Password များဖြင့် အဆင့်ဆင့် သတ်မှတ်နိုင်သောကြောင့် လုံခြုံမှုရှိပြီး Information Update/Create လုပ်ခွင့်ပေးထားသော အဆင့်ရှိသူများသည် HTML Language များကို နားလည်စရာ မလိုပဲ WYSIWYG Editor ဖြင့် Desktop Publishing တတ်မြောက်ထားသူပင် Web Page များအား ပြင်ဆင်တည်းဖြတ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Front End မှပင် မိမိ user level အလိုက် ၀င်ရောက်ဆောင်ရွက်နိုင်သဖြင့် ပိုမိုအဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ထို့ကြောင်း အခြား Script များဖြင့် Dynamic Web Site တစ်ခုတည်ဆောက်ခြင်းထက် CMS (Open Source) စနစ်ကိုသုံးခြင်းသည် များစွာ ကောင်းမွန်မည်ဖြစ်သည်။ ထို့အပြင် E-mail နှင့် FTP Server များကို သီးသန့်တည်ဆောက်ရန် မလိုအပ်ပဲ CMS Engine ဖြင့်ပင် ဖန်တီးနိုင်မည်ဖြစ်သည်။

CMS ဆိုတာ HTML, CSS, PHP စတဲ့ web language တွေကို အခြခံတတ်ထား နားလည်ထားရုံနဲ့ အဆင့်မြင့် Web Site တွေ ဖန်တီးနိုင်တဲ့ web application တစ်မျိုးပေါ့။ CMS တွေကိုသုံးပြီး များပြားတဲ့ Web Materials  (Web စာမျက်နှာ၊ ပုံ၊ သတင်းအချက်အလက်)တွေကို လွယ်ကူစွာ Manage လုပ်နိုင်ပါတယ်။ CMS Skin Template တွေ သုံးပြီးတော့လည်း Web Site ရဲ့ Design, Layout, Themes တွေကို ပြောင်းလဲနိုင်သလို မိမိလိုအပ်သော ပုံစံမျိုးလည်း အချိန်ပေးပြုပြင်ပြောင်းလဲပါက ရနိုင်ပါသည်။ Ready Maded ဆိုသော်လည်း မိမိအလိုရှိသောပုံစံရဖို့ အချိန်နှင့် HTML, CSS, PHP စတဲ့ web language တွေကို အခြေခံတက်ထားရပါမည်။

Content Management System(CMS) ဆိုသည်မှာ database ကို အခြေခံပြီး website အတွင်းရှိ content items များအား front end user သည် မည်သည့်နေရာမှမဆို ဖန်တီးခြင်း၊ ပြုပြင်ခြင်း၊ Design များ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်နိုင်သော Dynamic WebPortal စနစ်တစ်ခုဖြစ်သည်။

Static Website များသည် အသစ်ရရှိသည့် ပြင်ဆင်လိုသည့် Content များကို Web Administrator မှသာ Back End User အနေဖြင့် မိမိ Web Page များကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်းများအား ပြုလုပ်ရမည်ဖြစ်ပြီး မိမိ Web Site အား ရေးသားထားသော Programming Language ကို နားလည်တတ်ကျွမ်းသော Programmer လိုအပ်မည် ဖြစ်သည်။ ထို့အပြင် သတင်းအချက်အလက်များကို ရရှိသူမှ Administrator သို့ Hard Copy, Soft Copy စသဖြင့် တစ်နည်းနည်းဖြင့် ပေးပို့ပြီးမှသာ ဖန်တီးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်၍ မှားယွင်းနိုင်ခြင်း၊ လူအင်အားသုံး ဆောင်ရွက်ရခြင်း၊ အချိန်ပေးရခြင်း နှင့် New Informations များအား အချိန်နှင့်တပြေးညီ မလွှင့်တင်နိုင်ခြင်း စသည့် အားနည်းချက်များရှိပါသည်။ CMS ကိုသုံးခြင်းဖြင့် နေရာဒေသအသီးသီးမှ စုဆောင်းလိုက်သည့် သတင်းအချက်အလက် များကို မိမိ Website အတွင်းအချိန်နှင့် တပြေးညီ (Real Time) ထည့်သွင်းဖော်ပြနိုင်သောကြောင့် လျင်မြန်ခြင်း၊ တိကျခြင်းများအပြင် Programmer မလိုအပ်ပဲ Desktop Publishing တတ်သူဖြင့်ပင် Web Page များကို ပြင်ဆင် တည်းဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

Post a Comment

0 Comments